Tuesday, August 18, 2020

Y.U.P.Tကုမ္ပဏီနှင့် YBS ယာဉ်မောင်းများ ပြေလည်မှုရရှိ၊ နောက်နောင် အများပြည်သူခရီးသွားလာမှုရပ်ဆိုင်းအောင်ဆန္ဒဖော်ထုတ်ခြင်းမပြုကြရန် Y.U.P.Tကုမ္ပဏီ DGMပြောကြား

ဒီမနက်မှာ ယာဉ်မောင်းတွေကပြန်မောင်းမယ်ဆိုတဲ့အတွက် မောင်းခွင့်ပြုတယ်၊ သို့သော်ငြားလည်းနောက်နောက် အများပြည်သူသွားလာရေးကို အနှောက်အယှက်မပေးဘူး၊ အနှေက်အယှက်ပေးခဲ့ရင်လည်းအရေးယူခံရမယ်ဆိုတာ သိရှိပါတယ်ဆိုတာကို လက်မှတ်ထိုးပေးရမှာဖြစ်တယ်။ အဲ့ဒီလိုမဟုတ်ဘူးဆိုရင် ဒီလိုပဲ ခနခန မနက်မိုးလင်းတာနဲ့ မမောင်းတော့ဘူးဗျာ / မောင်းမယ်ဗျာဆိုရင် သယ်ယူပို့ဆောင် ကိုဘယ်လိုလုပ်ရမလဲ။ သယ်ယူပို့ဆောင်ရေးသည် ပုံမှန် Run နေရမယ်၊ အဲ့ဒီတော့ မိမိရဲ့ဆုံးဖြတ်ချက်အရ မကိုက်လို့မမောင်းတာကိုလက်ခံတယ်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်တဲ့အတွက် အများပြည်သူခရီးသွားလာမှုရပ်ဆိုင်းအောင်ဆန္ဒဖော်ထုတ်လို့မရတဲ့ အချက်ရှိပါတယ်၊ အဲ့ဒီအချက်အဓိကဖြစ်နေတယ်။ ဒါကိုမလုပ်ဘူးဆိုတာကို လက်မှတ်ထိုးပေးပြီးဆက်မောင်းလို့ရတယ်၊ သူတို့က လက်မှတ်မထိုးဘူးဆိုတာက ဒါကိုလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ရှိလို့လား မေးခွန်းမေးစရာဖြစ်လာတယ် " ဟု DGM ဦးအေးသောင်းက ပြောကြားခဲ့သည်။
ယာဉ်မောင်းများက ခရီးသွားပြည်သူအဆင်ပြေချောမွေ့စေရေးယဉ်ပြန်လည်မောင်းနှင်ရန် တာဝန်ရှိပုဂ္ဂိုလ်များ၏ ညှိနှိုင်းမေတ္တာရပ်ခံချက်အရ သြဂုတ်၁၉ ရက်နေ့ နံနက်ပိုင်၌ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခဲ့စဉ် ခံဝန်ကတိထိုးခိုင်းခြင်းဖြစ်သည်။
ဂိတ်တာဝန်ကျတဲ့သူက DGM ရောက်မှ ကားသော့ပေးပြီးမောင်းခိုင်းမယ်လို့ပြောတယ်။ဦးအေးသောင်းရောက်လာတဲ့အချိန်မှာ မင်းတို့ခံဝန်တော့ထိုးရမယ်။ခံဝန်လက်မှတ်ထိုးမှမောင်းခွင့်ပြုမယ်လို့ ကျွန်တော်တို့ကိုအကြပ်ကိုင်ပြောဆိုပါတယ် " ဟု ယာဉ်မောင်းဦးအောင်ဝင်းအေးကပြောသည်။
ကိုဗစ်ကာလ မတ်လကုန်မှ စ၍ ယာဉ်မောင်းကြေး လျော့ချခံထားရပြီး၊ ယခု ပုံမှန်ခရီးသည်ရရှိလာသည့်အချိန်တွင် မူလသတ်မှတ်ထားသည့် ယာဉ်မောင်းခေါက်ကြေး ၄၅၀၀ကျပ်ပြန်လည်ရရှိရေးအတွက် YBS ၃၆ ရွှေပေါက်ကံ- ဆူးလေယာဉ်လိုင်းအပါအဝင် အခြားYBS ယာဉ်လိုင်းတချို့မှယာဉ်မောင်းများ က သြဂုတ် ၁၈ ရက်နေ့တွင် ယာဉ်မောင်းခြင်းမပြုပဲတောင်းဆိုမှုကြောင့် Y.U.P.T မှ တာဝန်ရှိသူများက ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအား အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ရသည်။
ယာဉ်မောင်းများတောင်းဆိုထားသည့်အတိုင်း မောင်းကြေးအပြည့်အဝရရှိရန် ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပြီး အများပိုင်ကုမ္ပဏီဖြစ်သည့်အတွက် ဘုတ်အဖွဲ့မှ သဘောတူညီမှုရရှိရန်လိုကြောင်း ဦးအေးသောင်းကရှင်းပြသည်။
" အများပိုင်ကုမ္ပဏီဖြစ်တဲ့အတွက် ဝင်ငွေအသုံးစရိတ်ကျတော့ B.O.Dရဲ့ဆုံးဖြတ်ချက်ကျမှ သုံးပိုင်ခွင့်ရှိတာဖြစ်တယ်၊ ကျွန်တော်တို့သဘောနဲ့ထုတ်သုံးပိုင်ခွင့်မရှိဘူး။ အများပိုင်ကုမ္ပဏီဖြစ်တဲ့အတွက် အများပိုင်ငွေကိုထုတ်ယူသုံးစွဲတဲ့နေရာမှာ စည်းကမ်းတကျသာသုံးစွဲခွင့်ရှိတယ်၊သုံးချင်တိုင်းသုံးလို့မရပါဘူး။ ခွင့်ပြုချင်တိုင်းခွင့်ပြုလို့မရဘူး၊ အစိုးရကထည့်ဝင်ထားတဲ့ရှယ်ယာရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်က သတိထားဆောင်ရွက်ရတာတွေရှိပါတယ်။သူတို့တောင်းဆိုနေတဲ့မောင်းကြေးအပြည့်အဝပြန်လည်ရရှိရေးကိုလည်း
ကြိုးစားပေးသွားမှာပါ " ဟု ပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းတချို့ခံဝန်ကတိလက်မှတ်ရေးထိုး၍ အလုပ်ခွင်ပြန်ဝင်ခဲ့ကြပြီး၊ လက်မှတ်ရေးခြင်းမပြုကြသေးသည့် ယာဉ်မောင်းများကိုယ်စား ယာဉ်မောင်း ၄ ဦးကို Y.R.T.Aဥက္ကဌနှင့် Y.U.P.T မှ တာဝန်ရှိသူများက တွေ့ဆုံရန် ယနေ့ သြဂုတ်၁၉ ရက်နေ့တွင်တွေ့ဆုံရန် ခေါ်ယူထားကြောင်းသိရသည်။
Crd : Yangon Nation

0 comments:

Post a Comment