Tuesday, August 4, 2020

ဝါဆိုလပြည့်နေ့တွင် YMBA အသင်းဗဟိုမှ ရွှေတိဂုံစေတီတော်ကြီးအား ဖူးမြော်ခြင်းမှာအစိုးရကိုကန့်လန့်တိုက်ခြင်းမဟုတ်ဘဲ ဘုရားဝင်ဖူးခြင်းသာဖြစ်သည်ဟု ပြန်လည်ချေပ

ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့၌YMBA ဗဟိုမှ ရွှေတိဂုံစေတီတော်ကြီးအား ဖူးမြော်ခြင်းမှာအစိုးရကိုကန့်လန့်တိုက်တာမဟုတ်ဘုရားဝင်ဖူးတာသာဖြစ်ဟု YMBA အသင်းကြီး ဗဟိုစည်းရုံးရေးမှူး၊ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးတင်အောင်ဆန်းပြောသည်။
ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့၌YMBA ဗဟိုမှ ရွှေတိဂုံစေတီတော်ကြီးအား ဖူးမြော်ခြင်းမှာ လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှု မြင့်တက်နေခြင်းကြောင့် ၎င်းကယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
''အစိုးရကိုကန့်လန့်တိုက်တာမဟုတ်ဘူး၊ ရည်ရွယ်ချက်မရှိဘူး၊ ဘုရားဝင်ဖူးတာသာဖြစ်တယ်၊အဓိကက ဘာသာရေးအသင်းအဖွဲ့ဖြစ်တာနဲ့အညီ YMBA အသင်းကြီးကနေမြို့နယ်အလိုက် ရုံးတွေလိုက်ဖွင့်တဲ့အခါအခါ မနေ့က ပန်းပဲတန်းမှာ ရုံးဖွင့်ပွဲအပြီး အခါကြီး ရက်ကြီးဖြစ်တဲ့အတွက် ရွေတိဂုံဘုရားကိုဦးခိုက်တဲ့သဘောပဲ၊ ကျန်တဲ့အကြောင်းတရားတွေမပါဘူး''၎င်းကပြောသည်။
YMBA အသင်းကြီးအား ၁၉၀၆ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး လာမည့် သြဂုတ်လ ၆ ရက်တွင်လည်း အခြားမြို့နယ်များတွင် ရုံခွဲများဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
'' ပန်းပဲတန်းရုံဖွင့်ပွဲကနေအပြန်မှာ အစီအစဉ်မရှိပဲ လမ်းကြောင့်သင့်တော့ဘရားဝင်ဖူးရင်းခေါင်းပေါင်းမချွတ်ခဲ့ဘူး၊ဒီပုံတွေကို လူပုဂိုလ်စွဲ၊ သံဃာစွဲ၊ ပါတီစွဲကြောင့်လားမသိ ဝေဖန်ကြတာပဲထင်တယ်''ဟု ဘုရားဖူးရာတွင်ခေါင်းပေါင်းမချွတ်သည့် အတွက်ဝေဖန်မှုများမြင့်တက်နေမှုအပေါ်ကိုလည်း ၎င်းကဆက်လက် ရှင်းပြသည်။
Crd : The Fifth Wave

0 comments:

Post a Comment