Thursday, August 6, 2020

တပ်မတော်နည်းပညာတက္ကသိုလ်နှင့် X-Rayစက်ပစ်ခတ်မှုတွင် ပါဝင်ခဲ့သူများအား ထောင်ဒဏ်(၃၅)နှစ်စီ ချမှတ်

၂၀၁၉ခုနှစ် သြဂုတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ပစ်ခတ်မှုနဲ့ မြို့ရှောင်လမ်းဆုံအနီးရှိ Mobile X-Rayစက်ကို ပစ်ခတ်မှုမှာ ပါဝင်တဲ့သူတွေကို ဩဂုတ်(၆)ရက်မှာ ပြင်ဦးလွင်ခရိုင်တရားရုံးက ထောင်ဒဏ်(၃၅)နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုနှစ်မှုမှာပါတဲ့ AA၊ TNLA၊ MNDAAအဖွဲ့တွေက (၄)ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တပ်မတော်နည်းပညာတက္ကသိုလ် ပစ်ခတ်မှုအတွက် နှစ်(၂၀)၊ X-Rayစက်ပစ်ခတ်မှုအတွက်(၁၅)နှစ် စုစုပေါင်း (၃၅)နှစ်စီ ချမှတ်လိုက်တာပါ။ အမှုနဲ့ပတ်သက်ပြီးဖမ်းဆီးထားတဲ့ နောက်ထပ်နှစ်ဦးကိုတော့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈(၁)အရ အပြီး အပြတ်လွှတ်လိုက်‌တယ်လို့လည်း သိရပါတယ်။
တပ်မတော်နည်းပညာတက္ကသိုလ်ပစ်ခတ်မှုမှာ အရပ်သား၁ဦးသေဆုံးပြီး တပ်မတော်သား၁ဦးနဲ့ တပ်ဖွဲ့ဝင်မိသားစု၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
crd- One News Myanmar#Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment