Tuesday, August 18, 2020

ဗိုင်းရပ်စ်ဟာ အသက် ၂၀၊ ၃၀ နဲ့ ၄၀ နှစ်အတွင်းမှာ ပိုမိုကူးစက်လာကြောင်း WHOပြော

လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ အသက် ၂၀၊ ၃၀ နဲ့ ၄၀ နှစ်အရွယ်တွေအတွင်းမှာ ပိုမိုကူးစက်ပျံ့ပွားနေပြီး ၎င်းတို့ထဲမှ အချို့ဟာ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း သတိမထားမိတာကြောင့် ကျန်းမာရေး ထိခိုက်လွယ်တဲ့ လူတွေအတွက် စိုးရိမ်ပူပန်မိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ( WHO ) က အင်္ဂါနေ့ ( သြဂုတ်လ ၁၈ ရက်နေ့ ) မှာ ပြောကြားခဲ့ချက်အရ သိရပါတယ်။
ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်လူနာတွေမှာ လူငယ်ပိုးကူးစက်လူနာ အရေအတွက်တွေ မြင့်တက်လာတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ သက်ကြီးရွယ်အိုများနဲ့ ဖျားနာနေသူများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေး ထိခိုက်လွယ်သူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း WHO မှ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်းတွေဟာ သုံးလကြာထိ ဒေသတွင်း ကူးသန်းသွားလာမှုတွေ ပိတ်ဆို့ထားတဲ့ ဗီယက်နမ်နိုင်ငံအပါအဝင် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီလို့ ယူဆရတဲ့ အခြားနိုင်ငံတွေမှာလည်း ပြန်လည်မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါဟာရိုးရှင်းတဲ့အရာ မဟုတ်ကြောင်း၊ ကူးစက်ရောဂါဟာ ပစိဖိတ်အာရှဒေသမှာ နောက်ထပ်အဆင့်တစ်ခုကို ဝင်ရောက်လာပြီဆိုတာ အချက်ပြနေခြင်း ဖြစ်တယ်လို့ ယုံကြည်ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာ ပိုးကူးစက်လူနာ စုစုပေါင်း ၂၂ သန်းကျော်နဲ့ ၊ သေဆုံးသူ ၇ သိန်းကျော်ထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>zawgyi<<
ဗိုင်းရပ်စ်ဟာ အသက် ၂၀၊ ၃၀ နဲ့ ၄၀ နှစ်အတွင်းမှာ ပိုမိုကူးစက်လာကြောင်း WHOပြော
Wednesday, August 19, 2020
လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ အသက် ၂၀၊ ၃၀ နဲ့ ၄၀ နှစ်အရွယ်တွေအတွင်းမှာ ပိုမိုကူးစက်ပျံ့ပွားနေပြီး ၎င်းတို့ထဲမှ အချို့ဟာ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း သတိမထားမိတာကြောင့် ကျန်းမာရေး ထိခိုက်လွယ်တဲ့ လူတွေအတွက် စိုးရိမ်ပူပန်မိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ( WHO ) က အင်္ဂါနေ့ ( သြဂုတ်လ ၁၈ ရက်နေ့ ) မှာ ပြောကြားခဲ့ချက်အရ သိရပါတယ်။
ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်လူနာတွေမှာ လူငယ်ပိုးကူးစက်လူနာ အရေအတွက်တွေ မြင့်တက်လာတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ သက်ကြီးရွယ်အိုများနဲ့ ဖျားနာနေသူများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေး ထိခိုက်လွယ်သူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း WHO မှ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်းတွေဟာ သုံးလကြာထိ ဒေသတွင်း ကူးသန်းသွားလာမှုတွေ ပိတ်ဆို့ထားတဲ့ ဗီယက်နမ်နိုင်ငံအပါအဝင် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီလို့ ယူဆရတဲ့ အခြားနိုင်ငံတွေမှာလည်း ပြန်လည်မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါဟာရိုးရှင်းတဲ့အရာ မဟုတ်ကြောင်း၊ ကူးစက်ရောဂါဟာ ပစိဖိတ်အာရှဒေသမှာ နောက်ထပ်အဆင့်တစ်ခုကို ဝင်ရောက်လာပြီဆိုတာ အချက်ပြနေခြင်း ဖြစ်တယ်လို့ ယုံကြည်ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာ ပိုးကူးစက်လူနာ စုစုပေါင်း ၂၂ သန်းကျော်နဲ့ ၊ သေဆုံးသူ ၇ သိန်းကျော်ထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment