Friday, August 7, 2020

အမေရိကန်အနေဖြင့် WHO မှ နှုတ်ထွက်မှုအပေါ် ပြန်စဉ်စားသင့်ကြောင်း WHOညွှန်ကြားရေးမှူးပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHOကနေနုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တဲ့ အမေရိကန်အစိုးရအနေနဲ့ အဲဒီဆုံးဖြတ်ချက်ကိုပြန်လည်စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ကြောင်း WHO ညွန်ကြားရေးမှုးTedrosAdhanomGhebreyesus( တီးဒရို့စ် အတ်ဟာနွမ် ဂျီဗလာရဆူ့စ်) က အခုလ(၆)ရက်ကပြောပါတယ်။
ဒီလိုနုတ်ထွက်မှုကြောင့် ငွေကြေးအခက်အခဲကိုအဓိကဖြစ်စေမှာမဟုတ်ပဲ ကမ္ဘာ့ခေါင်းဆောင်တွေကြားစည်းလုံးညီညွတ်မှုမရှိတဲ့အချက်ကိုသာဖြစ်ပေါ်စေလိမ့်မယ်လို့ သူကထောက်ပြပါတယ်။
အမေရိကန်သမ္မတထရမ့်က WHO အဖွဲ့ဝင်အဖြစ်ကနေထွက်တော့မယ်ဆိုပြီးမေလအတွင်းကကြေညာခဲ့တာပါ။ အခုချိန်ဟာအားလုံးလက်တွဲဆောင်ရွက်ရမယ့်အချိန်ဖြစ်ပါတယ်။ ဒီအချိန်ဟာဗိုင်းရပ်တိုက်ဖျက်ရေးကိုပဲအလေးထားရမယ့်အချိန်ပါ။
အမေရိကန်ဖက်ကသူတို့ရဲ့ရပ်တည်ချက်ကိုပြန်လည်စဉ်းစားလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်ဆိုပြီးTedros(တီးဒရို့စ်) က လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတခုအတွင်းပြောသွားပါတယ်။
အမေရိကန်ထွက်သွားတဲ့အချိန်မှာပြသာနာကငွေကြေးမဟုတ်ပါဘူး။ တကယ်ကအမေရိကန်နဲ့ဆက်ဆံရေး၊ အမေရိကန်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကအရေးကြီးတယ်လို့ ညွှန်ကြားရေးမှုးကပြောပါတယ်။ ကမ္ဘာကြီးဟာတကွဲတပြားစီဖြစ်နေရင် ဒီလောက်အန္တရယ်ကြီးတဲ့ ရန်သူကိုခုခံနိုင်မှာမဟုတ်ပါဘူး။ စည်းလုံးညီညွတ်တဲ့ ကမ္ဘာကြီးကိုကျနော်တို့ လိုအပ်နေပါတယ်လို့ WHO ညွှန်ကြားရေးမှုးတီးဒရို့စ် က ပြောကြားခဲ့ပါတယ်။
source : AP
Crd : OneNews

0 comments:

Post a Comment