Sunday, August 16, 2020

ဒုတိယကမ္ဘာစစ်တွင် ဂျပန်အပေါ်အောင်ပွဲခံသည့် VJ Day အခမ်းအနား ဗြိတိန်တွင်ကျင်းပ

ဂျပန်အပေါ် အောင်ပွဲခံပြီး ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့ ၇၅ နှစ်ပြည့် VJ Day အခမ်းအနားကို ဗြိတိန်အိမ်ရှေ့စံ ချားလ်စ်မင်းသားနဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ အိမ်ရှေ့စံ ချားလ်စ်နဲ့ ဝန်ကြီးချုပ်ဂျွန်ဆင်တို့က အသက်စွန့်လွှတ်ခဲ့တဲ့ စစ်သည်တွေကို ဂုဏ်ပြုခဲ့ကြပါတယ်။
အဲဒီအောက်မေ့ဖွယ်အခမ်းအနားကို အင်္ဂလန်အလယ်ပိုင်း အာဘော်ရီတန်အမျိုးသား အထိမ်း အမှတ်နေရာမှာ သြဂုတ်လ ၁၅ ရက်က ကျင်းပခဲ့တာပါ။
အခမ်းအနားအတွင်း ကျဆုံးစစ်သည်တွေအတွက် ၂ မိနစ် ငြိမ်သက် ဆုတောင်းတာ၊ ဒုတိယကမ္ဘာစစ်ကာလက အသုံးပြုခဲ့တဲ့ စပစ်ဖိုင်းယား၊ ဟာရီကိန်းတိုက်လေယာဉ်တွေနဲ့ လန်ကတ်စ်တာ ဗုံးကြဲလေယာဉ်တွေ ဂုဏ်ပြု ပျံသန်းတာတွေ ပါဝင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံဟီရိုရှီးမားနဲ့ နာဂါဆာကီ မြို့နှစ်မြို့ကို အမေရိကနေက သြဂုတ် ၆ ရက်နဲ့ ၉ ရက်တို့မှာ အဏုမြူဗုံး ကြဲချခဲ့ပြီးနောက် ၁၉၄၅ သြဂုတ်လ ၁၅ ရက်မှာ ဂျပန်ဟာ လက်နက်ချခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားမှာလည်း ဧကရာဇ်နာရူဟီတိုက ဂျပန်နိုင်ငံရဲ့ အတိတ်စစ်ကာလအတွက် နက်နက်ရှိုင်းရှိုင်း နောင်တရမိကြောင်း ပြောဆိုခဲ့တယ်လို့ ရိုက်တာမှာ ဖော်ပြပါတယ်။
Crd : DVB

0 comments:

Post a Comment