Thursday, August 13, 2020

ယခင်အစိုးရလက်ထက် ဝန်ကြီးနှင့်ဒုဝန်ကြီးဟောင်းအချို့ပါဝင်ကာ USDPမှကိုယ်စားလှယ်လောင်း စုစုပေါင်း ၁,၁၂၉ ဦးဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လာမည့် ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းစုစုပေါင်း ၁,၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ယမန်နေ့ (ဩဂုတ် ၁၂ ရက်)တွင် ထုတ်ပြန်ကြေညာသည်။
ယမန်နေ့က ထုတ်ပြန်ကြေညာသော ပြည်ခိုင်ဖြိုး၏ လူစာရင်းတွင် လူဟောင်း ၃၀ ရာခိုင် နှုန်းခန့်သာ ပါဝင်ပြီး ကျန် ၇၀ ရာခိုင်နှုန်းခန့်မှာ မျက်နှာသစ်များဖြစ်ကာ အမျိုးသမီးပါဝင်မှု ၁၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က အတည်ပြုသည်။
‘‘ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထိုက်တန်တဲ့ အောင်မြင်မှုတစ်ခုရမယ်လို့ ယုံကြည်မျှော်လင့်ပြီး ယှဉ်ပြိုင်တာဖြစ်ပါတယ်။ အနိုင်ရရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်’’ ဟု ၎င်းက ဆိုသည်။
တပ်မှ ကူးပြောင်းလာသူနည်းပါး
ပြီးခဲ့သည့်ရွေးကောက်ပွဲနှစ် ကြိမ်တွင် တပ်မတော်မှ အရာရှိ ကြီးများက ပြည်ခိုင်ဖြိုးပါတီသို့ ပြောင်းရွှေ့ကာ ဝင်ရောက်ယှဉ် ပြိုင်ခြင်းရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ထိုသို့ဆောင်ရွက် ခြင်းမရှိကြောင်း ပါတီနှင့် တပ်မတော် ပြောရေးဆိုခွင့်ရှိသူများက အစောပိုင်းက အတည်ပြုပြော ကြားခဲ့သည်။
ထုတ်ပြန်လိုက်သော ပြည်ခိုင်ဖြိုးလူစာရင်းတွင် တပ်မတော်မှ ကူးပြောင်းလာသူ အချို့ရှိ သော်လည်းအမြင့်ဆုံးအဖြစ် ဗိုလ်ချုပ်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး၊ ဗိုလ်မှူးကြီးတာဝန်ထမ်းဆောင်ခဲ့သူအချို့ကိုသာ တွေ့ရသည်။
‘‘ဒေသခံပါတီနဲ့ ဒေသခံပြည်သူကရွေးချယ်တာဖြစ်ပါတယ်။ အရင်တုန်းကလို တပ်က လာတဲ့ သူတွေကို တန်းပေးတာမျိုးမရှိပါဘူး။ ပါဝင်တဲ့သူတွေကလည်း သက်ဆိုင်ရာမဲဆန္ဒနယ်က ရွေး ချယ်ပေးလို့ ပါဝင်လာတာပါဗျ’’ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။
ပြီးခဲ့သည့် လွှတ်တော်အတွင်း အခြေခံဥပဒေပြင်ဆင် ရေးတွင် ကြမ်းတမ်းစွာကန့်ကွက်မှုပြုခဲ့သည့် ဗိုလ်ချုပ်တင်ဆွေ ဝင်းသည် တပ်မတော်မှအငြိမ်း စားယူကာ ပြည်ခိုင်ဖြိုးပါတီကိုယ် စားပြုအဖြစ် ညောင်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် လွှတ်တော်ပရိဝုဏ်အတွင်း သတင်းယူနေသည့် သတင်းထောက် အချို့ကိုလည်း ဆဲဆိုခဲ့ဖူးသည်။
ထို့အပြင် ဗိုလ်မှူးကြီးမှ အနားယူကာ ဦးခင်မောင်ချိုနှင့် ဦးအောင်လွင်တို့သည်လည်း ကလေးဝနှင့် ဘားအံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဝန်ကြီးဟောင်း၊ ဒုဝန်ကြီးဟောင်းများကို ပြန်လည်ပွဲထုတ်
ပြည်ခိုင်ဖြိုး ပါတီ၏ ကိုယ် စားလှယ်လောင်း စာရင်းတွင် သမ္မတဦးသိန်းစိန် အစိုးရလက် ထက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးဟောင်းအချို့၊ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်ဟောင်း အချို့လည်း ပြန်လည်ပါဝင်လာ သည်။
လက်ရှိပါတီဥက္ကဋ္ဌ ဦးသန်းဌေးအပါအဝင် ဝန်ကြီးဟောင်း ငါးဦးကနေပြည်တော်ရှိ မြို့နယ် ငါးခုတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှ ယှဉ်ပြိုင်မည်ဖြစ်သည်။ လဝကဝန်ကြီးဟောင်း ဦး ခင်ရီ၊ ယဉ်ကျေးမှု ဝန်ကြီးဟောင်း ဦးအေးမြင့်ကြူ၊လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုး၊စီမံ/စီးပွားဝန်ကြီးဟောင်း ဒေါက်တာ ကံဇော်၊ ပို့ဆောင်ရေးဝန်ကြီး ဟောင်း ဦးဉာဏ်ထွန်းအောင်၊လူ ကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်တို့ပြန် လည်ပါဝင်လာသည်။
အဆိုပါဝန်ကြီးဟောင်းများသည် ပြည်ထောင်စုအဆင့်လွှတ် တော် မဲဆန္ဒနယ်များမှ ယှဉ်ပြိုင် မည်ဖြစ်သည်။ ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့သည့် သမ္မတ ရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကမူ ယခုရွေးကောက် ပွဲတွင် ပြည်ခိုင်ဖြိုး အမတ်လောင်းအဖြစ် ပြန်လည်ပါဝင်လာသည်။
၂၀၁၅ တွင် ကယားပြည်နယ် ဘော်လခဲမြို့နယ် အမျိုး သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည့် ဦးစိန်သိန်း က လာမည့် ရွေးကောက်ပွဲတွင်ယင်းမြို့နယ်မှပင် ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်လောင်းအ ဖြစ် လွှတ်တော်ပြောင်း၍ယှဉ်ပြိုင် မည်ဖြစ်သည်။
လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ဝန်ကြီးဟောင်း ဦးမောင်မြင့်က ၂၀၁၅ ကအနိုင်ရထားသည့် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ပင်ထပ်မံယှဉ်ပြိုင်မည်ဖြစ် သည်။ မင်းကင်းမြို့နယ် ပြည်သူ့ လွှတ်တော်အတွက် ဒီချုပ်ကိုယ် စားလှယ်လောင်းမှာ လက်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၀အထွေထွေ ရွေးကောက်ပွဲတွင် မင်းကင်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နေရာအတွက် မင်းကင်းဇာ တိဝန်ကြီးဟောင်းနှင့် ဒုဝန်ကြီး ဟောင်းတို့ ထိပ်တိုက်ယှဉ်ပြိုင်ကြ ရန်ရှိနေသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဟောင်း ဦးဌေးဦးကမူ ၂၀၁၅ က ရှုံးနိမ့်ခဲ့သည့် ဟင်္သာတ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နေရာအတွက် ထပ်မံ ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြည်ထောင်စုအဆင့်လွှတ် တော်များအတွက် ပြည်ခိုင်ဖြိုးပါ တီကိုယ်စားလှယ်လောင်းစာရင်း အတွင်း ဒုဝန်ကြီးဟောင်းများနှင့် ဝန်ကြီးချုပ်ဟောင်းအချို့လည်း ပါဝင်လာသည်။ ဒုဝန်ကြီးဟောင်းများဖြစ်သည့် ဒေါ်ဝင်းမော်ထွန်း၊ ဦးပိုက်ထွေး၊ ဦးတင်အောင်ချစ် တို့နှင့်ဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးလဂျွန် ငန်ဆိုင်း၊ ဦးဟုန်းငိုင်း၊ စိုင်းအောင် မြတ်တို့က ပြည်ထောင်စုလွှတ် တော် မဲဆန္ဒနယ်များမှ ယှဉ်ပြိုင် မည်ဖြစ်သည်။
စီးပွားကူးသန်း ဒုဝန်ကြီး ဟောင်း ဒေါက်တာပွင့်ဆန်းနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်တို့ကမူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လောင်းများအဖြစ် ပါဝင်သည်။
အနိုင်ရပြည်ခိုင်ဖြိုးအမတ် အချို့ ပြန်လည်မပါဝင်ပြည်ခိုင် ဖြိုး၏ ၂၀၂၀ ပွဲထွက်စာလူစာ ရင်းတွင် မျက်နှာသစ်ပါဝင်မှုများ ပြားသည်ဆိုသော်လည်း လူ ဟောင်းပါဝင်မှုတွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင် ရသူအများစုကို ပြန်လည်ရွေး ချယ်ထားသည်။ ၂၀၁၅ ရွေး ကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သူ အများစုကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု အနိုင်ရခဲ့သူအချို့သည်လည်း ယခုတစ်ကြိမ်ရွေးကောက်ပွဲ လူစာရင်းတွင်မတွေ့ရပေ။
ထင်ရှားသူအချို့မှာ ဦးသိန်းစိန်အစိုးရလက်ထက် ဒုတိယသမ္မ တနှစ်ဦးဖြစ်သည့် ဦးဉာဏ်ထွန်း နှင့် ဒေါက်တာစိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးခင်အောင်မြင့်၊ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးလှ ဌေးဝင်း၊ တပ်မတော်(ရေ)ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရသက်ဆွေတို့မှာ ပြည်ခိုင်ဖြိုး ၏ ၂၀၂၀ လူစာရင်းတွင်မတွေ့ရ ပေ။
ပါတီကြီးနှစ်ခု ထိပ်တိုက်တွေ့ ဆုံမှု မပြင်းထန်
ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းအရ အဓိကပြိုင်ဘက် ပါတီနှစ်ခုကြား ထင်ရှားသူများ ထိပ်တိုက်တွေ့ ဆုံမှု နည်းပါးသည်။
ဒီချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်အတွက် ပြည်ခိုင်ဖြိုး က ဦးမြင့်ဦးဆိုသူကို ရွေးချယ် ထားသည်။ လက်ရှိသမ္မတ ဦးဝင်း မြင့်ယှဉ်ပြိုင်မည့် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးမျိုးဝင်း ကျော်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဦးမျိုးဝင်းကျော်သည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ တွင်လည်း ပြည်ခိုင်ဖြိုးကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ထိုအချိန်က ဒီချုပ် ပါတီဝင်ဦးတိုးဝင်းကို ဆန္ဒမဲ နှစ် သောင်းကျော်အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် လောင်း ၁,၁၄၃ ဦးဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်၍ အဓိကပြိုင် ဘက်ပါတီပြည်ခိုင်ဖြိုးထက် မဲ ဆန္ဒနယ် ၁၄ နေရာ ပိုမိုယှဉ်ပြိုင် မည်ဖြစ်သည်။
ထိုသို့ ပြည်ခိုင်ဖြိုးပါတီက ဒီချုပ်ထက် နည်းပါးရခြင်းမှာ ပြည်နယ်လွှတ်တော်နယ်မြေများ တွင် တိုင်းရင်းသားများကို ဦးစားပေး၍ဖြစ်ကြောင်း ယင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်း ဦးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌဦးသိန်းညွန့်က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ပြည်ခိုင် ဖြိုးပါတီက ယင်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပေ။
ထို့အပြင် ပထမအကြိမ် လွှတ်တော်တွင် NDF ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဖြစ်ခဲ့ပြီး ၂၀၁၅ တွင် ရှုံးနိမ့်ခဲ့သူ ဒေါ်ခင်ဝိုင်းကြည်က လာမည့် ရွေးကောက်ပွဲတွင် ပြည်ခိုင် ဖြိုးအမတ်လောင်းအဖြစ် ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ် သည်။ ဒေါ်ခင်ဝိုင်းကြည်သည် လက်ရှိ အစိုးရသက်တမ်းအတွင်း အမျိုးသားရေးလှုပ်ရှားမှုများ၌ ပါဝင်ခဲ့ပြီး ပြည်ခိုင်ဖြိုးထိပ်ပိုင်း ခေါင်းဆောင်များနှင့် နီးကပ်သော ဆက်ဆံရေးရှိခဲ့သူဖြစ်သည်။
Crd : 7Days

0 comments:

Post a Comment