Thursday, August 20, 2020

တောင်သူများအတိုးမဲ့ နှစ်ရှည်ချေးယူနိုင်ရေးအဆိုကို တပ်နှင့် USDP ပါတီအမတ်များ ထောက်ခံ၊ NLD အမတ်များ ထောက်ခံ

ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်က တင်သွင်းသည့် “တောင်သူလယ်သမားဘဝ ရေရှည်တည်တံ့နိုင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အရပ်ရပ်သော ကြွေးမြီကိစ္စရပ်များအား ဖြေလျှော့ပေးနိုင်မည့် နိုင်ငံတကာထောက်ပံ့ငွေ(သို့မဟုတ်)အတိုးမဲ့နှစ်ရှည်ချေးငွေများ ရရှိနိုင်ရေးကို စီမံကိန်းတစ်ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အဆိုကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မဲခွဲဆုံး ဖြတ်ခဲ့ကြပါတယ်။
အဆိုပါအဆိုကို USDP ပါတီအမတ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံခဲ့ သော်လည်း NLD အမတ်များက ထောက်ခံမှုမရှိပါ။
အဆိုနှင့်ပတ်သတ်၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၁၂၄)မဲ၊ ကန့်ကွက်မဲ (၂၄၀) ဖြစ်ပါတယ်။
Ref ; People Media

0 comments:

Post a Comment