Monday, August 17, 2020

“စိုးရိမ်မှု” ဆိုသည့် စကားလုံးကြောင့် အဟန့်အတားဖြစ်နေဟု UPDJC ဟု ဒုတိယ ဥက္ကဌ ထောက်ပြ

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများ လုပ်ဆောင်ရာတွင် စိုးရိမ်မှု” ဆိုသည့် စကားလုံးကြောင့် ဆွေးနွေးချက်များ ဆုံးဖြတ်ချက်ချလို့မရအောင် အဟန့်အတားဖြစ်နေသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး (UPDJC )၏ ဒုတိယဥက္ကဌ ဖြစ်သူ ဒေါက်တာဆလိုင်းလျန်းမှုန်းဆာခေါင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သြဂုတ်လ ၁၇ ရက်က နေပြည်တော်ရှိ MICC 1 တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ၁၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး(UPDJC ) အဖွင့် မိန့်ခွန်းပြောကြားရာတွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က ထိုသို့ ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
“အစည်းအဝေး အားလုံးကိုခြုံပြီး သုံးသပ်ကြည့်တော့ ကျွန်တော်တို့ ကျင်းပခဲ့တဲ့ အစည်းအဝေးများထဲမှာ ကျွန်တော်တို့ ဆွေးနွေးချက် ၆၀ ကနေ ၇၀ ရာခိုင်နှုန်း နီးပါးဟာ ဘယ်လို မှ ဆုံးဖြတ်ချက် ချလို့ မရတဲ့ ဆွေး နွေးချက်တွေ ဖြစ်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက် ၄၀ ကနေ ၅၀ ရာခိုင် နှုန်းလောက် ဟာလည်း ဘယ်လို မှ အကောင်အထည်ဖော်လို့ မရတဲ့ ဆုံးဖြတ်ချက်တွေဖြစ်နေပါတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်သွားခဲ့သလဲ။ ပြန်သုံးသပ်ကြည့်တော့ ကျွန်တော်တို့ရဲ့ ဆွေးနွေးချက် ဆုံး ဖြတ်ချက် ချလို့ မရအောင် ဆုံးဖြတ်တွေ အကောင်အထည် ဖော်လို့ မရအောင် အများဆုံး အဟန့်အတားဖြစ်နေတဲ့ စကားလုံး တစ် လုံးရှိပါတယ်။ ဒီစကားလုံးက ဘာလဲဆိုတော့ “စိုးရိမ်တယ်”ဆိုတဲ့ စကားလုံးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အစည်းအဝေးမှာ တနေ့လုံး ဆွေးနွေးတယ်။ ဆုံးဖြတ်ချက်ချတော့ မဲ့ အ ချိန်မှ တယောက်ယောက်က ထပြီး “ကျွန် တော် စိုးရိမ်မိပါတယ်။ အချိန်မတန်သေးဘူးလို့ ထင်ပါတယ်”လို့ ပြောလာရင် ဘယ်လို မှ ဆုံးဖြတ် ချက် ချလို့ မရတော့ဘူး”ဟု ဒေါက် တာ ဆလိုင်းလျန်မှုန်းဆာခေါင် ကပြောသည်။
အဆိုပါ “စိုးရိမ်မှု”ဆိုသည့် စကားလုံးသည် ဘ၀ အတွေ့အကြုံ ကနေလာတာ ဖြစ်တာပြီး နှစ်ပေါင်း ၇၀ကျော် ကြာ လက်နက်ကိုင် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည် ဖြစ်သည့် အတွက် မည်သူ့ ကိုမျှ အပြစ်တင်လို့ မရကြောင်းလည်းပြောဆိုခဲ့သည်။
၎င်း စိုးရိမ်မှုများကို ကျော်လွှားနိုင်သည့် နည်းလမ်းသည် ငြိမ်းချမ်းရေးဖြစ်သော် လည်း ငြိမ်းချမ်းရေးကို ရှေ့ဆက်မတိုးပဲ တားဆီးနေတာသည်လည်း စိုးရိမ်မှု ဖြစ်နေပြန်ကြောင်း ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင် ကပြောကြားခဲ့သည်။
“ ဒါ ကျွန်တော်တို့ရဲ့ လက်တွေ အခက်အခဲပါပဲ ဒါပေမဲ့ နောက်ဆုံးမှာတော့ ငြိမ်းချမ်းရေးကပဲ အနိုင်ရပါလိမ့်မယ်။ စိုးရိမ်မှုကို ငြိမ်း ချမ်းရေးနဲ့ ကျော်လွှား သွားရလိမ့်မယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို ရကို ရစေမယ်ဆိုတဲ့ သံဓိဌာန် ချပြီး ဆက်ကြိုးစားသွားဖို့ ပဲ လိုတယ်”ဟု ၎င်း ကပြောသည်။
ထို့ပြင် ငြိမ်းချမ်းရေး သော့ချက်ဖြစ်သည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဒါမှ မဟုတ် ပြည်နယ် အခြေခံဥပဒေပဲဖြစ်ဖြစ် အခြေခံဖက်ဒရယ် မူကြီးကို လာမည့် စတုတ္ထ အကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ အ စည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောလတူစာချုပ် အစိတ်အိပ်ုငး ၃ တွင် ပါမလာပဲ ကျန်ရစ်သွားမည်ကို ယူကြုံးမ ရ ဖြစ်မိသည့် အတွက် ဖြစ်နိုင်သည့် နည်းလမ်းရှိပါက ညီ လာခံမတိုင်ခင် ပြန်ပါနိုင်ရေး အတွက် ဆောင် ရွက်ပေးကြရန်လည်း မေတ္တာရပ်ခံပြောကြားခဲ့သည်။
“အနီရောင် စကားလုံးနဲ့ ကျန်သွားတဲ့ “ဖွဲ့စည်းပုံ “ ကို ဖြစ်နိုင်ရင် နက်ပေးလိုက်ပါ။ မဖြစ်နိုင်ဘူးဆိုရင်လည်း နက်ပေးလိုက်ပါ။ အကယ်၍ ဒီညီလာခံမတိုင်ခင်မှာ ပြန်လည်ထည့်သွင်းနိုင်တဲ့ နည်းလမ်းမရှိတော့ဘူးဆိုရင် နောက်တကြိမ် ကျင်းပမဲ့ ညီလာခံမှာ ဒီအခြေခံမူကို ပြည်ထောင်စု သဘောတူစာ ချုပ် အဖြစ် ချုပ်ဆိုပေးကြပါလို့ မေတ္တာရပ် ခံချင်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး သော့ချက်ကြီး ဖြစ်ပါတယ်”ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင် ကပြောသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment