
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ဒီကနေ့ သြဂုတ်လ ၁၇ ရက်က နေပြည်တော်မှာ စတင်ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးကို UPDJC ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးမစခင်မှာ အတိုင်ပင်ခံက ၂၀၁၆ ကနေ ၂၀၂၀ ပြည့်နှစ်ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့တဲ့ သူတွေကို ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ ချုပ်ဆိုဖို့ရှိတဲ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အပစ်ရပ်စာချုပ် NCA အကောင်ထည်ဖော်မှုဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးကြဖို့ရှိပါတယ်။





Ref ; BBC
0 comments:
Post a Comment