Sunday, August 16, 2020

UNDP ပါတီဒုဥက္ကဋ္ဌ ပြည်တွင်း၌ နေထိုင်မှု ၁၀ နှစ် မပြည့်သေးသဖြင့် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံရ

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP) ဒုတိယဥက္ကဋ္ဌ စာ‌ရေးဆရာ သန်းဝင်းလှိုင်အား ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ချလိုက် ကြောင်း ယင်းပါတီဥက္ကဋ္ဌဦးဒေးဗစ်လှမြင့်က ပြောသည်။
UNDP ဒုဥက္ကဋ္ဌဖြစ်သူ စာရေးဆရာသန်းဝင်းလှိုင်သည် ကချင်ပြည်နယ်အတွင်း ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူဖြစ်သည်။
‘‘သူက ဒီနိုင်ငံထဲမှာနေတာ (၁၀)နှစ်မပြည့်တဲ့အတွက် ပယ်ချ ခံလိုက်ရတာပါ’’ ဟု ဦးဒေးဗစ်လှ မြင့်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ပြီး ကချင်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌထံ ဆက်သွယ်သော်လည်း ဖုန်းလက် ခံဖြေကြားခြင်းမရှိပေ။ ထို့အပြင် ကချင်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေး မှူးထံသို့ ဆက်သွယ်ရာတွင် လည်း မရခဲ့ပေ။
စစ်အစိုးရကာလအတွင်း ဖိ နှိပ်ခံရမှုများကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ကျောင်းဆရာ အလုပ်လုပ်ကိုင်နေစဉ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ပ ရောက်နေသူများ ပြန်လည်လက် ခံသောကြောင့် ပြည်တွင်းသို့ ၂၀၁၅ အလွန်တွင် ရောက်ရှိခဲ့ သည်ဟု UNDP ပါတီဒုဥက္ကဋ္ဌ ဦးသန်းဝင်းလှိုင်က ပြောသည်။
‘‘အခုဟာက ဘာမှလုပ်လို့ မရတော့တဲ့အတွက် ကျွန်တော်က ရွေးကောက်ပွဲအတွက် ပါတီ အောင်နိုင်ရေး ဆက်လုပ်သွားပါ မယ်’’ ဟု ဦးသန်းဝင်းလှိုင်က ပြောသည်။
လက်ရှိတွင် UNDP ပါတီအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်နှစ်ခုတွင် ကိုယ်စားလှယ် လောင်း ၇၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယင်းပါတီဒုဥက္ကဋ္ဌကပြောသည်။
Crd : 7Days

0 comments:

Post a Comment