Friday, August 14, 2020

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆရာစံ၊သခင်ဖိုးလှကြီး၊ဗိုလ်အောင်ကျော် ရုပ်ပုံလွှာများကို သုံးစွဲခွင့် UEC ခွင့်မပြု

လာမည့်ရွေးကောက်ပွဲ၌အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီ(NUD)မှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီးများ ဖြစ်ကြသည့် ဆရာစံ၊သခင်ဖိုးလှကြီး၊ဗိုလ်အောင်ကျော် ရုပ်ပုံလွှာ သုံးစွဲခွင့်ကို UEC ထံ တင်ပြခဲ့သော်လည်း UEC က ခွင့်ပြု့ပေးမှု မရှိခဲ့ကြောင်း NUD ပါတီ ဥက္ကဌ ဦးစိန်ဝင်းက ပြောပါတယ်။
NLD ပါတီသည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာကို သုံးစွဲခွင့်ရသော် လည်း NUD ပါတီမှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆရာစံ၊သခင်ဖိုးလှကြီး၊ဗိုလ်အောင်ကျော် ရုပ်ပုံလွှာများသုံးစွဲခွင့်ကို UEC က ခွင့်မပြု့ပါဘူး။
ဆရာစံ၊သခင်ဖိုးလှကြီး၊ဗိုလ်အောင်ကျော် တို့ဆိုတာ အမျိုးသားရေးခေါင်းဆောင်တွေပါ။ဒီရုပ်ပုံလွှာကို UEC ကို သုံးစွဲခွင့်တင်ပြတယ်။သူတို့က ခွင့်မပြု့ဘူးလို့ ဦးစိန်ဝင်းက ပြောပါတယ်။
NUD ပါတီဥက္ကဌ ဦးစိန်ဝင်းသည် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ ကိုယ်စားပြု့အဖြစ် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။လာမည့်ရွေးကောက်ပွဲ၌ ဦးစိန်ဝင်းသည် လယ်ဝေးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။
ဦးစိန်ဝင်းသည် အလုပ်သမားအရေး၊လယ်သမားအရေးများကို လွှတ်တော်တွင်း၊လွှတ်တော်ပြင်ပ ဆောင် ရွက်နိုင်သည့် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။
Ref ; People Media

0 comments:

Post a Comment