Friday, August 14, 2020

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဥက္ကဌအဖြစ် ဦးဆောင်ခဲ့ဖူးသည့် UDP ပါတီကိုဖျက်သိမ်း

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဥက္ကဌအဖြစ် ဦးဆောင်ခဲ့ဖူးသည့် ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democratic Party)ကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဖျက်သိမ်းလိုက်ကြောင်း သြဂုတ်လ ၁၃ ရက်က ကြေညာလိုက်သည်။
ယင်းကြေညာချက်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲအတွင်း လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်သည့် ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democratic Party) ကို ၁၃-၈-၂၀၂၀ ရက်တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃၀/၂၀) ၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂(ခ) နှင့်အညီ နိုင်ငံရေးပါတီအဖြစ်မှ မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုလည်း ဖျက် သိမ်းလိုက်ကြောင်း ပါရှိသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ပါတီဖွဲ့စည်းပြီး ၂၀၁၀ ပြည့်နှစ်က ပါတီမှတ် ပုံတင် ကာ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် (၃) နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် ရှမ်းပြည်တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (ရ.တ.ဒ.ဖ) ကို တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သော ယခုကွယ်လွန်သွားပြီ ဖြစ်သည့် ဦးရွှေအုန်းက ယင်းပါတီ၏ နာယက အဖြစ် ဆောင် ရွက်ခဲ့ခြင်း ဖြစ်သည်။
Ref ; Popolay

0 comments:

Post a Comment