Saturday, August 8, 2020

လာမည့် ရွေးကောက်ပွဲတွင် UBP ပါတီမှ ကိုယ်စားလှယ် ၂၆၀ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

ယခု လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် သူရဦးရွှေမန်း တည်ထောင်ထာားသော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) မှ ကိုယ်စားလှယ်လောင်း ၂၆၀ ဦးခန့် ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြန်ကြား​ရေးတာဝန်ခံ ဒေါ်စုစုလွင်က ပြောကြားသည်။
UBP ပါတီ၏ ရန်ကုန်တိုင်းရုံးတွင် (ဩဂုတ်လ ၇ ရက်)က ကျင်းပသည့် ပါတီ၏မူဝါဒနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပါတီ၏ ကိုယ်စားလှယ်လောင်း ခုနှစ်ဆယ်ရာခိုင်နှုန်းကို ပြည်သူကြားထဲမှရွေးချယ်ထားပြီး လယ်သမား၊ အလုပ်သမားနှင့် မသန်စွမ်းသူများပါ ပါဝင်ကြောင်း ဒေါ်စုစုလွင်က ဆိုသည်။
"ကျွန်မတို့ပါတီက ထင်ပေါ်ကြော်ကြားသူမှ၊ အစိုးရအရာရှိကြီးတွေမှ၊ ဝန်ကြီးဟောင်းတွေမှ ဆိုတာမျိုး ကလေးစကားပြောရရင် မိုးကျရွှေကိုယ်တွေမှလို့ သတ်မှတ်ပေးထားတာမရှိဘူး။ ဆန္ဒအလျောက်ပါဝင်သူကို ရွေးချယ်တာပါ" ဟု ၎င်းက ဆိုသည်။
UBP ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းနှင့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိမရှိကို ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ဒေါ်စုစုလွင်ထံမှ သိရသည်။
အဆိုပါ UBP ပါတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment