Monday, August 24, 2020

သမ္မတ Trump ကို ရီပတ်ဘလီကန်ပါတီရဲ့ ဒုတိယလေးနှစ် သမ္မတသက်တမ်းအတွက် တရားဝင်ရွေးချယ်

အမေရိကန် ရီပတ်ပလီကန် ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တနင်္လာနေ့မှာ စတင်လိုက်ပြီး သမ္မတ Donald Trump ကို ဒုတိယလေးနှစ် သမ္မတ သက်တမ်းအတွက် ပါတီကိုယ်စားပြု ရွေးကောက်ခံဖို့ ထပ်မံ ရွေးချယ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Charlotte မြို့မှာ ကျင်းပနေတဲ့ ရီပတ်ပလီကန် ပါတီ ညီလာခံမှာ သမ္မတ Trump မိန့်ခွန်းပြောခဲ့ပါတယ်။ “နိုင်ငံ သမိုင်းမှာ အရေးအကြီးဆုံး ရွေးကောက်ပွဲ” ဖြစ်ကြောင်း သမ္မတ Trump က ပါတီ ကိုယ်စားလှယ်တွေကို ပြောခဲ့တာပါ။ အခု ရွေးကောက်ပွဲမှာ စာတိုက်ကနေ စာပေးပို့ မဲထည့်မှုနဲ့ ရွေးကောက်ပွဲကို အကြံအဖန် လုပ်ဖို့ ဒီမိုကရက်တွေ ကြံစည်နေတယ်လို့လည်း သမ္မတက စွပ်စွဲပါတယ်။
ရီပတ်ပလီကန် ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ သမ္မတ Trump အနေနဲ့ ၄ ရက် ဆက်တိုက် ဒီမိုကရက် သမ္မတလောင်း Joe Biden ကို ထိုးနှက်ဝေဖန်ဖို့လည်း ရှိနေပါတယ်။ မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Charlotte မြို့က တနင်္လာနေ့ ညီလာခံမှာ သမ္မတ Trump တက်ရောက်ပါတယ်။ အင်္ဂါနေ့ ကနေ ကြာသပတေးနေ့ အထိ ကတော့ အခမ်းအနား အများစုကို မြို့တော် ဝါရှင်တန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ပါတီ ညီလာခံ နောက်ဆုံး ညမှာတော့ အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ သမ္မတ Trump က ပါတီ သမ္မတလောင်း အဖြစ် လက်ခံတဲ့ မိန့်ခွန်း ပြောဖို့ စီစဉ်ထားပါတယ်။
>>zawgyi<<
သမ္မတ Trump ကို ရီပတ်ဘလီကန်ပါတီရဲ့ ဒုတိယလေးနှစ် သမ္မတသက်တမ်းအတွက် တရားဝင်ရွေးချယ်
Tuesday, August 25, 2020
အမေရိကန် ရီပတ်ပလီကန် ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တနင်္လာနေ့မှာ စတင်လိုက်ပြီး သမ္မတ Donald Trump ကို ဒုတိယ လေးနှစ် သမ္မတ သက်တမ်း အတွက် ပါတီ ကိုယ်စားပြု ရွေးကောက်ခံဖို့ ထပ်မံ ရွေးချယ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Charlotte မြို့မှာ ကျင်းပနေတဲ့ ရီပတ်ပလီကန် ပါတီ ညီလာခံမှာ သမ္မတ Trump မိန့်ခွန်းပြောခဲ့ပါတယ်။ “နိုင်ငံ သမိုင်းမှာ အရေးအကြီးဆုံး ရွေးကောက်ပွဲ” ဖြစ်ကြောင်း သမ္မတ Trump က ပါတီ ကိုယ်စားလှယ်တွေကို ပြောခဲ့တာပါ။ အခု ရွေးကောက်ပွဲမှာ စာတိုက်ကနေ စာပေးပို့ မဲထည့်မှုနဲ့ ရွေးကောက်ပွဲကို အကြံအဖန် လုပ်ဖို့ ဒီမိုကရက်တွေ ကြံစည်နေတယ်လို့လည်း သမ္မတက စွပ်စွဲပါတယ်။
ရီပတ်ပလီကန် ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ သမ္မတ Trump အနေနဲ့ ၄ ရက် ဆက်တိုက် ဒီမိုကရက် သမ္မတလောင်း Joe Biden ကို ထိုးနှက်ဝေဖန်ဖို့လည်း ရှိနေပါတယ်။ မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Charlotte မြို့က တနင်္လာနေ့ ညီလာခံမှာ သမ္မတ Trump တက်ရောက်ပါတယ်။ အင်္ဂါနေ့ ကနေ ကြာသပတေးနေ့ အထိ ကတော့ အခမ်းအနား အများစုကို မြို့တော် ဝါရှင်တန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ပါတီ ညီလာခံ နောက်ဆုံး ညမှာတော့ အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ သမ္မတ Trump က ပါတီ သမ္မတလောင်း အဖြစ် လက်ခံတဲ့ မိန့်ခွန်း ပြောဖို့ စီစဉ်ထားပါတယ်။

0 comments:

Post a Comment