
တရုတ်နိုင်ငံ ယန်စီမြစ်ပေါ်ရှိ ကမ္ဘာ့အကြီးဆုံး Three Gorges(သရီးဂေါဂက်စ်) ရေကာတာအတွင်း ရေစီးဆင်ဝင်ရောက်မှုဟာ အမြင့်ဆုံးရေမှတ်နီးပါးကို ရောက်ရှိလာပြီလို့ ဒီနေ့ ရိုက်တာသတင်းမှာ ဖော်ပြထားချက်များအရ သိရပါတယ်။
နေ့စဉ်ရက်ဆက်မိုးရွာသွန်းမှုတွေကြောင့် ဆည်ထဲကို ရေစီးဝင်မှု စံချိန်တင်လာခဲ့ပြီး စိုးရိမ်ရေမှတ်အထက် မီတာ ၂၀ အမြင့်ကို ရောက်လာပါတယ်။ သောကြာနေ့နံနက်က ရေကာတာရဲ့ ရေအနက်ဟာ ၁၆၅ ဒသမ ၆ မီတာရှိလာပြီး ကြာသပတေးနေ့ညကထက် ၂ မီတာ ပိုမြင့် တက်လာပါတယ်။ Three Georges ရေကာတာရဲ့ အမြင့်ဆုံးရေအနက်က ၁၇၅ မီတာဖြစ်ပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ ကြာသပတေးနေ့က ရေလွှဲပေါက်တွေကနေ တစ်စက္ကန့်ကို ၄၈၈၀၀ ကုဗမီတာနှုန်းနဲ့ ရေတွေဖောက်ချခဲ့ပေမယ့် အခုအခြေအနေအရ အဲဒီထက်မက ရေတွေပိုဖောက်ချရဖို့ရှိနေပါတယ်။
ဒီနှစ်ထဲ မိုးရွာသွန်းမှုဟာ ပုံမှန်ထက် နှစ်ဆလောက်ပိုများနေတာကြောင့် တရုတ်နိုင်ငံတစ်လွှား ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အရင်တစ်ပတ်က ထုတ်ပြန်ချက်တွေအရ လူဦးရေ ၆၃ သန်းလောက်အထိ ရေဘေးဒုက္ခခံစားခဲ့ရသလို စီးပွားရေးအရ နစ်နာဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၂၆ ဘီလျံအထိ ရှိခဲ့ကြောင်း သိရပါတယ်။


crd-စံတော်ချိန် #Myanmar_Online_News
>>zawgyi<<
တရုတ်နိုင်ငံရှိ Three Gorges ရေကာတာကြီးအတွင်း အမြင့်ဆုံးရေအမှတ်နီးပါးကို ရောက်ရှိလာ
Friday, August 21, 2020
တရုတ်နိုင်ငံ ယန်စီမြစ်ပေါ်ရှိ ကမ္ဘာ့အကြီးဆုံး Three Gorges(သရီးဂေါဂက်စ်) ရေကာတာအတွင်း ရေစီးဆင်ဝင်ရောက်မှုဟာ အမြင့်ဆုံးရေမှတ်နီးပါးကို ရောက်ရှိလာပြီလို့ ဒီနေ့ ရိုက်တာသတင်းမှာ ဖော်ပြထားချက်များအရ သိရပါတယ်။
နေ့စဉ်ရက်ဆက်မိုးရွာသွန်းမှုတွေကြောင့် ဆည်ထဲကို ရေစီးဝင်မှု စံချိန်တင်လာခဲ့ပြီး စိုးရိမ်ရေမှတ်အထက် မီတာ ၂၀ အမြင့်ကို ရောက်လာပါတယ်။ သောကြာနေ့နံနက်က ရေကာတာရဲ့ ရေအနက်ဟာ ၁၆၅ ဒသမ ၆ မီတာရှိလာပြီး ကြာသပတေးနေ့ညကထက် ၂ မီတာ ပိုမြင့် တက်လာပါတယ်။ Three Georges ရေကာတာရဲ့ အမြင့်ဆုံးရေအနက်က ၁၇၅ မီတာဖြစ်ပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ ကြာသပတေးနေ့က ရေလွှဲပေါက်တွေကနေ တစ်စက္ကန့်ကို ၄၈၈၀၀ ကုဗမီတာနှုန်းနဲ့ ရေတွေဖောက်ချခဲ့ပေမယ့် အခုအခြေအနေအရ အဲဒီထက်မက ရေတွေပိုဖောက်ချရဖို့ရှိနေပါတယ်။
ဒီနှစ်ထဲ မိုးရွာသွန်းမှုဟာ ပုံမှန်ထက် နှစ်ဆလောက်ပိုများနေတာကြောင့် တရုတ်နိုင်ငံတစ်လွှား ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အရင်တစ်ပတ်က ထုတ်ပြန်ချက်တွေအရ လူဦးရေ ၆၃ သန်းလောက်အထိ ရေဘေးဒုက္ခခံစားခဲ့ရသလို စီးပွားရေးအရ နစ်နာဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၂၆ ဘီလျံအထိ ရှိခဲ့ကြောင်း သိရပါတယ်။
crd-စံတော်ချိန် #Myanmar_Online_News
0 comments:
Post a Comment