Monday, August 24, 2020

လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့ SMMT နှင့် Facebook Team တို့၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဦးသောင်းအေး အဆိုတင် ဆွေးနွေးမည်ဖြစ်

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ နေ့လည်ပိုင်းဆွေးနွေးမည့် အစီအစဉ် ၁၃ တွင် ပြည်ခိုင်ဖြိုးပါတီမှ ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးမှ နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေဖြင့် ထူထောင်ထားသည့် လူမှုကွန်ရက်စောင့်ကြည့်ထိန်းကျောင်းရေး အဖွဲ့ SMMT နှင့် Facebook Teamမျာနှင့်ပတ်သက်၍ တင်ပြဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
ဦးသောင်းအေး၊ ပျော်ဘွယ် မဲဆန္ဒနယ်က “နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေဖြင့် ထူထောင်ထားသည့် လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေး အဖွဲ့ SMMT နှင့် Facebook Team တို့၏ ဆောင်ရွက်မှုသည် လူမှုကွန်ရက်များအသုံးပြုသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအပေါ် မျှတမှုမရှိခြင်းကြောင့် လူမှုကွန်ရက်တွင် မကျေနပ်မှု အမုန်းစကားများ တိုးပွားလာပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေးတို့ကို ထိခိုက်ပျက်စီးစေနိုင်သဖြင့် SMMT နှင့် Facebook Team တို့က မည်သည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများဖြင့် မည်သို့ အရေးယူဆောင်ရွက်နေသည်ကို ပွင့်လင်းစွာ ရှင်းလင်းတင်ပြပြီး တရားမဲ့မှုများမဖြစ်အောင် အချိန်မီထိန်းကျောင်းဆောင်ရွက် နိုင်ရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း” အဆို တင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ်ရယူခြင်း၊
၁၃။ အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ယင်းအဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း၊
(သို့မဟုတ်)
လက်ခံဆွေးနွေးရန်ဆုံးဖြတ်သော အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်းများ ဆောင်ရွက်မည်။

0 comments:

Post a Comment