Monday, August 24, 2020

အင်ဒိုနီးရှားနိုင်ငံတွင် Sinabung မီးတောင် ပေါက်ကွဲ၍ သတိပြုနေထိုင်ရန် အကြံပြုထား

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမြောက်ပိုင်းရှိ Sinabung ဟာ အခုလ(၂၃)ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ချော်ပြာတွေမှုတ်ထုတ်နေပါတယ်။
ချော်ပြာတွေဟာ လေထဲကို အမြင့် မီတာတစ်ထောင်ကျော် မြင့်တက်နေခဲ့ပြီး၊ မီးခိုးလိပ်တွေဟာ အရှေ့တောင်ဘက်ကို တစ်ကီလိုမီတာအထိရောက်ရှိနေပြီး မီးတောင်အနီးမှာနေထိုင်သူတွေကို မီးတောင်ဝကနေ (၅)ကီလိုမီတာအကွာမှာနေကြဖို့ ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက အကြံပြုထားပါတယ်။
လက်ရှိအချိန်ထိတော့ ချော်ပြာတွေကြောင့် လေကြောင်းသွားလာမှုတွေ ထိခိုက်တာမရှိသေးဘူးလို့ ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ Sinabung မီးတောင် အနီးဝန်းကျင်မှာနေထိုင်သူဦးရေ သုံးသောင်းလောက်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း နေရာရွှေ့ပြောင်းခဲ့ရပါတယ်။
အမြင့်ပေ (၈၅၀၀)ကျော်ရှိတဲ့ Sinabung မီးတောင်ဟာ ၂၀၁၀ ခုနှစ်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ လူ(၂)ဦးသေဆုံးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာလည်း ထပ်မံပေါက်ကွဲခဲ့ပြီး လူ(၁၇)ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၆ခုနှစ်က ပေါက်ကွဲခဲ့ရာမှာတော့ လူ(၇)ဦး သေဆုံးခဲ့ပြန်ပါတယ်။
>>zawgyi<<

0 comments:

Post a Comment