Wednesday, August 26, 2020

ရခိုင်ပြည်နယ်တစ်ခုလုံးကို Semi Lockdown ချ၊ ပြည်သူတွေစားနပ်ရိက္ခာအတွက် အပြည့်အဝတာဝန်ယူမယ်လို့ အစိုးရပန်ကြား

ရခိုင်တစ်ပြည်နယ်လုံး Stay at Home အစီအစဉ်ထဲမှာ ပါဝင်တယ်လို့ အစိုးရက ဒီနေ့ဩဂုတ်လ(၂၆)ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အခုအမိန့်ဟာ မနက်ဖန်ဩဂုတ်လ(၂၇)ရက်နေ့ မနက်(၈)နာရီကစပြီး အသက်ဝင်မှာပါ။
အဲဒီ Stay Home (Semi Lockdown)အစီအစဉ်မှာ အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ဝန်ထမ်းတွေကလွဲပြီး ကျန်တဲ့သူတွေအနေနဲ့ အိမ်မှာပဲနေထိုင်ရမှာဖြစ်သလို မဖြစ်မနေဈေးဝယ်ထွက်ရင် တစ်ယောက်ထဲသွားဖို့လည်း စည်းကမ်းချက် ထုတ်ထားပါတယ်။
ဒါ့အပြင် ဆေးရုံဆေးခန်းသွားတဲ့အခါ တစ်အိမ်ကို(၂)ယောက်ပဲသွားဖို့ ၊နေအိမ်အပြင်ထွက်ရင် နှာခေါင်းစည်း (Mask)တပ်ဖို့နဲ့ ဝန်ထမ်းကြိုပို့ယာဉ်တွေအနေနဲ့ ရပ်ကွက်ကျော်လွန်မသွားလာဖို့လည်း စည်းကမ်းချက်တွေမှာ ပါရှိပါတယ်။
အဲဒီလို Stay at Home နေထိုင်ကြတဲ့အခါ စားနပ်ရိက္ခာထောက်ပံ့မှုနဲ့ ရောဂါကာကွယ်ရေးကိစ္စတွေကို အစိုး ရက အပြည့်အဝဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်လို့လည်း အစိုးရရဲ့ပန်ကြားချက်မှာပါရှိပါတယ်။
အခုအမိန့်တွေကို မလိုက်နာရင်တော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ အမိန့်ကြေညာချက်အရ သိရပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ ဩဂုတ်လ(၁၆)ရက်နေ့ကစပြီး ဒီနေ့ ဩဂုတ်လ(၂၆)ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကိုဗစ်လူနာ(၂၀၀)နီးပါးအထိ ရှိလာပါတယ်။
တစ်နိုင်ငံမှာတော့ ဒီနေ့ ဩဂုတ်လ(၂၆)ရက်နေ့ညပိုင်းအထိ ကိုဗစ်လူနာအယောက်(၅၈၀)ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ(၃၄၅)ယောက်နဲ့ သေဆုံးသူ(၆)ယောက်ရှိနေပါတယ်။
Ref ; O Media

0 comments:

Post a Comment