Friday, August 14, 2020

အင်္ဂလန်နိုင်ငံရှိ Sandwich အသားညှပ်ပေါင်မုန့် ပြုလုပ်သည့်စက်ရုံလုပ်သား ၃၀၀ နီးပါး Covid -19 ကူးစက်ခံရ

အင်္ဂလန်နိုင်ငံ Northampton City မှ Greencore စက်ရုံရှိ Marks & Spencer , Sandwich အသားညှပ်ပေါင်မုန့်ပြုလုပ်ကြသည့်စက်ရုံလုပ်သား ၂၁၀၀ နီးပါရှိပြီး ထိုအထဲမှ လုပ်သားပေါင်း ၃၀၀ နီးပါးဟာ မနေ့က Coronavirus ကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့သည်ဟု The Guardian သတင်းတစ်ပုဒ်တွင်ဖော်ပြထားပါသည် ။
အဆိုပါကူးစက်ခံထားသူတို့နှင့်ထိတွေ့ခဲ့သောမိသားစုဝင်များနှင့်စက်ရုံအလုပ်သမားများအားလုံးကို Quarantine အဖြစ်ထားရှိကာ ကျမ္မာရေးအဖွဲ့မှအရှိန်အဟုန်မြှင့်တင်၍ စောင့်ကြပ်ကြည့်ရှု့စစ်ဆေးမှုများပြုလုပ်လျှက်ရှိပြီး Northampton City အား အမြန်ဆုံးယာယီ Lock Down အဖြစ်ပြုလုပ်သွားမှာဖြစ်တယ်လို့သိရှိရပါသည် ။
Credit : SiThu Maung

0 comments:

Post a Comment