Monday, August 17, 2020

ဘရာဇီးရေတပ်မှ ရေငုပ်သင်္ဘော S Richuelo (S-40) အား ပင်လယ်ပြင် စမ်းသပ်မောင်းနှင်

ဘရာဇီးရေတပ်၏ သတင်းထုတ်ပြန်ချက်များအရ ပြည်တွင်းရေယာဉ်တည် ဆောက်ရေးလုပ်ငန်းဖြစ်သည့် Itaguai မှ တည်ဆောက်သည့် Scorpene အတန်း အစား ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘော S Richuelo (S-40) အား ပင်လယ်ပြင်တွင် ရေပေါ်၌ မောင်းနှင်မှုအား အောင်မြင်စွာ စမ်းသပ်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
၎င်းရေငုပ်သင်္ဘောအား ပြင်သစ်နိုင်ငံအခြေစိုက် Naval Group နည်းပညာ ကုမ္ပဏီမှ အဓိကပံ့ပိုးကာ ကူညီတည်ဆောက်ပေးခြင်းဖြစ်ပြီး စာချုပ်ပါအချက်အလက် များအရ ဘရာဇီးရေတပ်ထံသို့ နည်းပညာဆိုင်ရာလွှဲပြောင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ ပင်လယ်ပြင်စမ်းသပ်မှုတွင် ရေငုပ်သင်္ဘော၏ မောင်းနှင်မှုစနစ်၊ တက်မ စနစ်၊ တိုက်ပွဲဝင်စနစ်နှင့် ရေယာဉ်တွင်တပ်ဆင်ထားရှိသည့် အာရုံခံကိရိယာများအား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ မောင်းနှင်စမ်းသပ်စဉ်၌ အမြန်နှုန်း ၈ မိုင်မှ ၁၅ မိုင်အထိ အမျိုးမျိုးပြောင်းလဲကာ စမ်းသပ်ခုတ်မောင်းခဲ့ပါသည်။ ၎င်းသည် အရွယ်အစားအားဖြင့် အလျား ၇၁.၆ မီတာ၊ အနံ ၆.၂ မီတာ၊ ရေစူး ၅.၅ မီတာနှင့် တန်ချိန်ပေါင်း ၂,၂၀၀ တန်ရှိပြီး ရေအောက် ၃၀၀ မီတာအထိ ငုပ်လျှိုး စစ်ဆင်နိုင်ကြောင်း သိရှိရပါသည်။ ရေယာဉ်ပေါ်၌ အရာရှိ၊ စစ်သည် ၃၅ ဦး တာဝန် ထမ်းဆောင်နိုင်ကာ လက်နက်တပ်ဆင်မှုအနေဖြင့် ၅၃၃ မမ တော်ပီဒို ၁၈ လုံး၊ Exocet SM 39 ဒုံးပျံ ၈ စင်း တင်ဆောင်ထားရှိကြောင်း သိရှိရသည်။
>>zawgyi<<
ဘရာဇီးရေတပ်မှ ရေငုပ်သင်္ဘော S Richuelo (S-40) အား ပင်လယ်ပြင် စမ်းသပ်မောင်းနှင်
Tuesday, August 18, 2020
ဘရာဇီးရေတပ်၏ သတင်းထုတ်ပြန်ချက်များအရ ပြည်တွင်းရေယာဉ်တည် ဆောက်ရေးလုပ်ငန်းဖြစ်သည့် Itaguai မှ တည်ဆောက်သည့် Scorpene အတန်း အစား ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘော S Richuelo (S-40) အား ပင်လယ် ပြင်တွင် ရေပေါ်၌ မောင်းနှင်မှုအား အောင်မြင်စွာ စမ်းသပ်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
၎င်းရေငုပ်သင်္ဘောအား ပြင်သစ်နိုင်ငံအခြေစိုက် Naval Group နည်းပညာ ကုမ္ပဏီမှ အဓိကပံ့ပိုးကာ ကူညီတည်ဆောက်ပေးခြင်းဖြစ်ပြီး စာချုပ်ပါအချက်အလက် များအရ ဘရာဇီးရေတပ်ထံသို့ နည်းပညာဆိုင်ရာလွှဲပြောင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ ပင်လယ်ပြင်စမ်းသပ်မှုတွင် ရေငုပ်သင်္ဘော၏ မောင်းနှင်မှုစနစ်၊ တက်မ စနစ်၊ တိုက်ပွဲဝင်စနစ်နှင့် ရေယာဉ်တွင်တပ်ဆင်ထားရှိသည့် အာရုံခံကိရိယာများအား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ မောင်းနှင်စမ်းသပ်စဉ်၌ အမြန်နှုန်း ၈ မိုင်မှ ၁၅ မိုင်အထိ အမျိုးမျိုးပြောင်းလဲကာ စမ်းသပ်ခုတ်မောင်းခဲ့ပါသည်။ ၎င်းသည် အရွယ်အစားအားဖြင့် အလျား ၇၁.၆ မီတာ၊ အနံ ၆.၂ မီတာ၊ ရေစူး ၅.၅ မီတာနှင့် တန်ချိန်ပေါင်း ၂,၂၀၀ တန်ရှိပြီး ရေအောက် ၃၀၀ မီတာအထိ ငုပ်လျှိုး စစ်ဆင်နိုင်ကြောင်း သိရှိရပါသည်။ ရေယာဉ်ပေါ်၌ အရာရှိ၊ စစ်သည် ၃၅ ဦး တာဝန် ထမ်းဆောင်နိုင်ကာ လက်နက်တပ်ဆင်မှုအနေဖြင့် ၅၃၃ မမ တော်ပီဒို ၁၈ လုံး၊ Exocet SM 39 ဒုံးပျံ ၈ စင်း တင်ဆောင်ထားရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment