Monday, August 24, 2020

တူရကီနိုင်ငံသို့ S-400 စနစ်များ ဒုတိယအသုတ်ပေးပို့ရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ရုရှားလက်နက်တင်ပို့မှု အေဂျင်စီအကြီးအကဲမှ ပြောကြား

တူရကီနှင့်ရုရှားနိုင်ငံသည် S-400 လေကြောင်းကာကွယ်ရေးစနစ် (ADS) များ၏ ဒုတိယအသုတ်အား ရောင်းချပေးရန် စာချုပ်ချုပ်ဆိုခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ် များအား စတင်ဆွေးနွေးခဲ့ပါသည်။
တူရကီနှင့်ရုရှားနိုင်ငံသည် တူရကီနိုင်ငံသို့ S-400 လေယာဉ်ပစ်ဒုံးကျည်စနစ်များ ဒုတိယအကြိမ်တင်ပို့မည့် စာချုပ်အား လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်တွင်ပါရှိသည့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံ လက်နက်ရောင်းချရေး ကုမ္ပဏီ Rosoboronexport ၏ အကြီးအကဲ Alexander Mikheyev မှ ဩဂုတ်လ ၂၃ ရက် နေ့က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။
Alexander Mikheyev မှ လက်မှတ်ရေးထိုးခဲ့သည့်အချိန်နှင့် စာချုပ်ပါအကြောင်း အရာများအား အသေးစိတ်ပြောကြားခဲ့ခြင်းမရှိသော်လည်း စာချုပ်အား လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ စာချုပ်အား အကောင်အထည်ဖော် ဆောင်ရွက်မည့် အချိန်သည် ယခုစီမံကိန်း၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအား အပြီးသတ်ဖြေရှင်း မည့် မိမိတို့ မိတ်ဖက်များ၏ အသင့်ဖြစ်မှုအပေါ်မူတည်ကြောင်း ပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံအနေဖြင့် ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး ၎င်းသည် S-400 ၏ ဒုတိယအသုတ်အတွက် ဒေါ်လာ ၂.၅ ဘီလီယံ ပေးချေမှုတွင် ထိခိုက်နိုင် ကြောင်း Mikheyev မှ ပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံအနေဖြင့် ပထမအသုတ်ကို မှာယူစဉ်ကထက် ပိုမိုကောင်းမွန်သည့် အကြောင်းအရာများဖြင့် ညှိနှိုင်းဆွေးနွေးနိုင်ပါသည်။
တူရကီနိုင်ငံသည် S-400 သဘောတူညီချက်အား လုံးဝပယ်ဖျက်ရန် အမေရိကန် နိုင်ငံ၏ ကြီးမားသောဖိအားပေးမှုများနှင့် ကြုံတွေ့နေရပြီး အမေရိကန်နိုင်ငံသည် F-35 လေယာဉ်အစီအစဉ်တွင် တူရကီနိုင်ငံ၏ ပါဝင်မှုကို ရပ်ဆိုင်းခဲ့ပြီး အရေးယူပိတ်ဆို့မှု များ ပြုလုပ်ခဲ့ပါသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့်စာချုပ်အရ ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိသော S-400 ADS ၏ ပထမအသုတ်အား ပေးပိုးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ စာချုပ်အရ တူရကီနိုင်ငံသည် S-400 လေကြောင်းကာကွယ်ရေးဒုံးကျည်များ (တပ်ရင်း ၂ ရင်းစာ) ကို လက်ခံရရှိခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည် တူရကီ နိုင်ငံသို့ ထုတ်လုပ်မှုနည်းပညာများ တစ်စိတ်တစ်စိတ်လွှဲပြောင်းပေးအပ်သည့် စာချုပ် လည်း ဖြစ်ပါသည်။
source-Defense World #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment