Monday, August 10, 2020

(၂၁)ရာစု ပင်လုံ စတုတ္ထအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော်သို့ ထွက်ခွာလာပြီဖြစ်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ယာယီအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ RCSS ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်မှာ ကျင်းပမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိုနှိုင်းအစည်းအဝေး JICM နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထ အကြိမ် အစည်းအဝေး ကို တက်ရောက်ဖို့အတွက် သြဂုတ်လ ၉ ရက်မှာ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း ကနေထွက်ခွာပြီး တာချီလိတ်ကတဆင့် နေပြည်တော်ကို ဆက်လက်ထွက်ခွာသွားပြီလို့ RCSS ကိုယ်စားလှယ်အဖွဲ့ကနေ သိရပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ နေပြည်တော်မှာ နိုင်ငံတော် အကြီးအကဲများ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များနဲ့ အခြား တာဝန်ရှိ ပုဂ္ဂိုလ် များနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့လည်း RCSS ဘက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အဆိုပါ ကာလအတော်ကြာ ရပ်တန့်နေသော ၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ယခု လာမည့် ဩဂုတ်လ ၁၉ ရက်နေ့မှာစတင်ကျင်းပသွားမှာဖြစ်ကြောင်းသိရပါသည်။
Crd : BBC

0 comments:

Post a Comment