Wednesday, August 26, 2020

ရခိုင်မှပြန်ရောက်လာတဲ့သူတွေကို သွားကြိုတဲ့ လွှတ်တော်ကိုယ်စာလှယ်များ Quarantine ဝင်ရောက်

ပဲခူးတိုင်းဒေသကြီးနယ်စပ်နဲ့ ရခိုင်ပြည်နယ်နယ်စပ် ညောင်ကျိုးစစ်ဆေးရေးဂိတ်ကို ရခိုင်ပြည်နယ်မှပြန်ရောက်လာသူတွေကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ပြည်မြို့နယ်မှတိုင်းဒေသကြီးလွတ်တော်ကိုယ်ယ်စားလှယ်အပါအဝင် မီဒီယာသမားတွေနဲ့ ပရဟိတအဖွဲ့တွေ Quarantine ဝင်ရောက်နေတယ်လို့ ပြည်မြို့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ COVID-19 ကူးစက်မူတိုးလာတဲ့နောက်မှာ ပဲခူးတိုင်း ဒေသကြီးနဲ့ရခိုင်ပြည်နယ်နယ်စပ်ကညောင်ကျိုးစစ်ဆေးရေးဂိတ်ကိုပိတ်လိုက်တဲ့အတွက် ပဲခူးတိုင်းဘက်ကိုဝင်ရောက်မယ့်သူတွေ ပိတ်မိခဲ့ပြီးနေထိုင်စားသောက်ရေးအခက်အခဲရှိတဲ့အတွက်သွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အဲ့ဒီလူတွေထဲကမှပြည်မြို့ကိုပြန်လာမယ့်သူတွေကိုသွာရောက်ခေါ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီမှာပါဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် မီဒီယာသမား ၂ ဦးနဲ့ပရဟိတသမား ၃ ဦးကိုလည်း ဩဂုတ်လ၂၆ရက်ကစတင်ပြီး Quarantine ဝင်ရောက်ဖို့ပြည်မြို့ကျန်းမာရေးဦးစီးဌာနကညွန်ကြားခဲ့တာဖြစ်တယ်လို့ဦးသက်ဝင်းလိုင်ကပြောပါတယ်။
ရခိုင်ပြည်နယ်ကပြန်လာသူတွေကို လွတ်တော်ကိုယ်စားလှယ်က ဩဂုတ်လ ၂၃ရက်နဲ့၂၅ရက်တွေမှာနှစ်ကြိမ်သွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ ကျန်းမာရေးစစ်ဆေးမူတွေဆောင်ရွက်မှာဖြစ်ပြီးFacility Quarantine ၁၄ ရက်နဲ့ Home Quarantine ၇ ရက်ဝင်ရောက်ရမှာဖြစ်တယ်လို့ဦးသက်ဝင်းလှိုင်ကပြောပါတယ်။
လက်ရှိမှာပြည်မြို့သူနာပြုသင်တန်းကျောင်း နဲ့ပြည်တက္ကသိုလ်သန္တာဆောင်က Quarantine Center တွေမှာ ရခိုငိပြည်နယ်ပြန်ရောက်လာတဲ့ လူဦးရေ (၇၀)ခန့်ရှိနေတယ်လို့သိရပါတယ်။
Source - UpToDateChannel

0 comments:

Post a Comment