Monday, August 24, 2020

စစ်တွေမြို့မှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ လာရောက်ပါက Quarantine ဝင်ရမည်

စစ်တွေမြို့မှ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များသို့ လာရောက်ပါက Quarantine ဝင်ကာ ဓါတ်ခွဲစစ်ဆေးမှု ခံယူရမည်ကြောင်း နေပြည်တော်ကောင်စီက ယနေ့တွင် ထုတ်ပြန်လိုက်တယ်လို့ သိရပါသည်။
ရခိုင်ပြည်နယ်ရှိ Stay at Home သက်မှတ်ထားသော မြို့နယ်တွင်နေထိုင်သူများအနေဖြင့် နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့လာရောက်သူများအနေဖြင့် တာဝန်ရှိသူများ၏ခွင့်ပြုချက်မပါရှိဘဲ လာရောက်ခြင်း(သို့မဟုတ်) လာရောက်ရန်ခေါ်ယူကြောင့် အကြောင်းကြားစာအားပြသနိုင်ခြင်းမရှိဘဲ လာရောက်ခြင်းဖြစ်ပါက နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြင်ဆင်သက်မှတ် ထားသော Community Based Facility Quarantine နေရာများသို့ ဝင်ရောက်၍ ၁၄ ရက်နေထိုင်ရန်၊ Quarantine ကာလအတွင်းတွင် ဓာတ်ခွဲနမူနာ ၂ ကြိမ်ရယူစစ်ဆေးရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက Home Quarantine ၇ ရက်နေထိုင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် ရခိုင်ပြည်နယ်မှလာရောက်သူများအနေဖြင့် မည်သည့်အကြောင်းကိစ္စနှင့်လာရောက်သည်ဖြစ်စေ မိမိနေထိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြောင်း ထောက်ခံစာပြရမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ Stay at Home သက်မှတ်ထားသော မြို့နယ်တွင်နေထိုင်သူများအနေဖြင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းများရှိသဖြင့် နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ လာရောက်ရန် အကြောင်းကြားစာရရှိသည့် သူများအား Facility Quarantine ၇ ရက်နေထိုင်ပြီး Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင် လည်းကောင်း၊ ၅ ရက်မြောက်နေ့တွင်လည်းကောင်း ဓာတ်ခွဲနမူနာစစ်ဆေးမှု ခံယူစေပြီး သံသယရောဂါလက္ခဏာမတွေ့ရှိမှသာ သက်ဆိုင်ရာအဖွဲ့အစည်းဌာနများသို့ စေလွှတ်မည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီက ထုတ်ပြန်ထားသည်ဟု သိရပါသည်။
>>zawgyi<<

0 comments:

Post a Comment