Wednesday, August 19, 2020

ကန်ပိုက်တီတွင် တောင်ကျရေနှင့် မြေပြိုမှုကြောင့် Quarantine အဆောင်များပျက်စီးခဲ့ပြီး စောင့်ကြည့်လူနာများကို ပြောင်းရွေ့ထားခဲ့ရကြောင်း သိရ


ကန်ပိုက်တီနယ်စပ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် Quarantine အဆောင်များပျက်စီးခဲ့ပြီး စောင့်ကြည့်လူနာများကို ပြောင်းရွေ့ထားကာ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မှုဖြစ် ပွားလျက်ရှိတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရပါတယ်။
ကချင်ပြည်နယ်အတွင်း သြဂုတ် ၁၅ ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှု ကြောင့် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီလမ်းကြောင်းတွင် မြေပြိုမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ သောကြောင့် သြဂုတ် ၁၈ ရက်တွင် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများ ယာယီပြတ်တောက် လျက်ရှိနေပြီး ကန်ပိုက်တီနယ်စပ်မြို့တွင် ဖွင့်လှစ်ထားသော Quarantine အဆောင်များ ပျက်စီးမှုဖြစ် ပွားခဲ့တယ်လို့ ဆိုပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကန်ပိုက်တီမြို့၊ အမှတ် (၂) ရပ်ကွက်၊ မြန်မာ-တရုတ် လမ်းမ ကြီးဘေးတွင် တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအား Quarantine ထားရှိသည့် နေရာ၏ တောင်ကမ်းပါးရုံ အမြင့်ပေ ၇၀၀ ခန့်မှ အလျား ၄၀ ပေ၊ အနံ ၂၀ ပေခန့် မြေသားထု ပြိုကျမှုဖြစ်ပွားခဲ့ကာ Quarantine ဝင်ရောက်နေသူများကို ယာယီရွေ့ပြောင်းပေးထားခဲ့ရကြောင်း သိရပါတယ်။



Crd : MyanmarPlatform

0 comments:

Post a Comment