Wednesday, August 26, 2020

ကျောက်ဆည်တွင် Q ဝင်နေသော ရခိုင်နှင့် တရုတ်ပြန် (၂၇)ဦး ဓာတ်ခွဲစစ်ဆေးမှု ပိုးကင်းစင် (Negative) အဖြေထွက်

ရခိုင်ပြည်နယ်နှင့် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ကျောက်ဆည်မြို့၌ Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်) နေထိုင်လျှက်ရှိသူ (၂၇)ဦး၏ ဓာတ်ခွဲနမူနာများကို ပေးပို့ စစ်ဆေးခဲ့ရာ ရောဂါပိုးကင်းစင် (Negative) အဖြေထွက်ကြောင်း ကျောက်ဆည်ဆေးရုံကြီးမှ သတင်းရရှိသည်။
“ကျောက်ဆည်မှ ပို့ဆောင်စစ်ဆေးထားသော တရုတ်ပြန် ၁၅ ဦး၊ ရခိုင်ပြန် ၁၂ဦးတို့၏ ပထမအကြိမ် ဓာတ်ခွဲ နမူနာ အဖြေမှာ အားလုံး (ပိုးမတွေ့ရှိ) Negative ဖြစ်ပါသည်”ဟု ကျောက်ဆည်မြို့ ပြည်သူ့ ဆေးရုံကြီး ဖေ့စ်ဘွတ်ခ်ပေ့ချ်က သြဂုတ်(၂၅)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ရခိုင်ပြည်နယ်နှင့် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများကို COVID-19 ရောဂါပိုး ရှိ၊မရှိ ဓာတ် ခွဲစစ်ဆေးနိုင်ရန် သြဂုတ်(၂၅)ရက်က ဓာတ်ခွဲနမူနာများ ပေးပို့ထားသည်ဟု ကျောက်ဆည်မြို့နယ် COVI-19 အရေးပေါ် တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကပြောကြားထားသည်။
ရခိုင်ပြည်နယ်သို့အလုပ်သွားရောက် လုပ်ကိုင်ပြီးဩဂုတ်(၂၄)ရက်တွင်ကျောက်ဆည်မြို့သို့ ပြန်လည်ရောက် ရှိလာသည့် အမျိုးသား (၁၂)ဦးကို ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်၌ Facility Quarantine ထားရှိကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ကျောက်ဆည်မြို့၌ Quarantine ဝင်နေသူ (၃၆)ဦးအ နက် ဓာတ်ခွဲစစ်ဆေးရန် ကျန်နေသေးသူ (၂၀)ကျော်ကိုလည်း ယမန်နေ့ သြဂုတ်(၂၅)ရက်က ဓာတ်ခွဲနမူနာများ ပေးပို့ စစ်ဆေးခဲ့သည်ဟု ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ဆိုသည်။
လက်ရှိတွင် ကျောက်ဆည်မြို့၌ Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်) ထားရှိသူ (၄၈)ဦး ရှိပြီး တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၃၆)ဦးနှင့် ရခိုင်ပြည်နယ်မှ ပြန်လာသူ (၁၂)ဦး ဖြစ်ကာ ပထမအ ကြိမ် ဓာတ်ခွဲစစ်ဆေးမှုအရ ပိုးကင်းစင် (Negative) အဖြေထွက်ကြောင်း ကျောက်ဆည်ဆေးရုံကြီးနှင့် မြို့ နယ် အုပ်ချုပ်ရေးအဖွဲ့မှ သတင်းရရှိသည်။
“နယ်သူနယ်သား အပေါင်းတို့ ရောဂါကပ်ဘေးမှ ကင်းဝေးပါစေ။ စည်းကမ်းများကို တစ်ဦးချင်း လိုက်နာကြခြင်းဖြင့် မိမိ မိသားစု၊ ပတ်ဝန်းကျင်နှင့် မြို့နယ်ကို ကိုဗစ် အန္တရာယ်မှ ကာကွယ်ပေးကြပါရန် ပန်ကြားအပ်ပါသည်”ဟု ကျောက်ဆည် ဆေးရုံကြီး ဖေ့စ်ဘွတ်ခ်ပေ့ချ်က တိုက်တွန်းထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်နေသည့်အတွက်ရခိုင်ပြည် နယ်မှ မန္တလေးသို့ လာရောက်သူများကို Quarantine (၂၁)ရက် ထားရှိရန်နှင့် ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးရန် မန္တလေးတိုင်း အစိုးရအဖွဲ့က သြဂုတ်(၂၁)ရက်မှ စတင်ကာ ညွှန်ကြားစာ ထုတ်ပြန်ထားသည်။
ယနေ့ သြဂုတ်(၂၆)ရက်နံနက်ပိုင်းအထိ မြန်မာနိုင်ငံအတွင်း စစ်ဆေးတွေ့ရှိသည့်COVID-19ရောဂါအတည် ပြုလူနာ (၅၇၄) ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref ; Mandalay In-depth News

0 comments:

Post a Comment