Monday, August 17, 2020

ရုရှားသမ္မတ putin နှင့် တူရကီသမ္မတ Erdogan တို့မှ လစ်ဗျားရှိအုပ်စုကွဲများအား အပစ်အခတ်ရပ်စဲရေးအပေါ် လိုက်နာကြရန် တိုက်တွန်း

ရုရှားနိုင်ငံသမ္မတ Putin နှင့် တူရကီနိုင်ငံသမ္မတ Erdogan တို့သည် လစ်ဗျားရှိ အုပ်စုများအား အပစ်ခတ်ရပ်စဲရေးကို လိုက်နာကြရန်နှင့် နိုင်ငံတွင်းရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကိုတည်ဆောက်ရန်အတွက် ဆွေးနွေးမှုများ စတင်ရန်အတွက် တိုက်တွန်းခဲ့ပါသည်။
နှစ်နိုင်ငံမှ သမ္မတတို့သည် ဩဂုတ်လ ၁၇ ရက်နေ့တွင် တယ်လီဖုန်းမှတစ်ဆင့် လစ်ဗျားနိုင်ငံအရေးအပါအဝင် အခြားသောအကြောင်းအရာများစွာအပေါ် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
ရုရှားနိုင်ငံမှ ထုတ်ပြန်ချက်တွင် ပဋိပက္ခဖြစ်ပွားနေသည့် နှစ်ဖက်စလုံးအနေဖြင့် ရေရှည်တည်တံ့သောအပစ်အခတ်ရပ်စဲရေးသို့ရောက်ရှိရန်အတွက် မှန်ကန်သောနည်း လမ်းများကိုလုပ်ဆောင်ရန်နှင့် ဘာလင်ညီလာခံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၅၁၀ တို့နှင့်အညီ တိုက်ရိုက်ဆွေးနွေးမှုများစတင်ဆောင်ရွက်ရန် လိုအပ် ကြောင်းကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါသည်။
လစ်ဗျားနိုင်ငံသည် ကြာခဲ့ပြီဖြစ်သော သမ္မတဟောင်း Muammar Gadaffi အသတ်ခံခဲ့ခြင်းကြောင့် အစပျိုးခဲ့သော ပြည်တွင်းစစ်မှာ အချိန်ကာလကြာမြှင့်နေခဲ့ ပြီးဖြစ်ပါသည်။
အဆိုပါပြည်တွင်းစစ်ကြောင့် ထောင်နှင့်ချီသောပြည်သူတို့သေဆုံးခဲ့ရပြီး ရာနှင့် ချီ၍ အိုအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါသည်။
Fayez al-Sarraj လက်အောက်ရှိ ထရီပိုလီအခြေစိုက် National Accord (GNA) အစိုးရနှင့် အရှေ့ပိုင်းဒေသအုပ်ချုပ်ရေးမှူး Khalifa Haftar တို့သည် နိုင်ငံတွင်း ထိန်းချုပ်ရန်အတွက် နိုင်ငံတကာမှအကူအညီများကို ရယူခဲ့ပါသည်။
ရုရှားနှင့် တူရကီနိုင်ငံသမ္မတနှစ်ဦးတို့သည် တယ်လီဖုန်းတစ်ဆင့် ဆွေးနွေးမှုအ ပြင် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Heiko Maas တို့သည် ဩဂုတ်လ ၁၇ ရက် နေ့တွင် ထရီပိုလီသို့ရောက်ရှိခဲ့ပြီး နိုင်ငံတွင်း အလွန်အန္တရာယ်ရှိသော အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂမှအသိအမှတ်ပြုထားသော Government of National Accord နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။
Maas ပြဿနာကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းတစ်ခုကိုရှာဖွေရန်အတွက် နိုင်ငံတကာအသိုက်အဝန်းကိုတောင်းဆိုခဲ့ပြီး မြောက်အာဖရိကနိုင်ငံများသည် တည်ငြိမ် သောအခြေအနေတစ်ခုအဖြစ် ကမ္ဘာကြီးကို လှည့်စားရန်မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ ပါသည်။
>>zawgyi<<

Tuesday, August 18, 2020

0 comments:

Post a Comment