Monday, August 10, 2020

၂၁ရာစု ပင်လုံအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဩဂုတ်လ (၁၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပလျက်ရှိသည်။
အစည်းအဝေးတွင် သဘာပတိ၊ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က အစည်းအဝေး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
အစည်းအဝေးသို့ PPST အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ပူးဇင်ကျုံး၊ ရဲဘော် သံခဲ၊ ဗိုလ်ချုပ်ကြီး စောမိုရှေး၊ ဒေါက်တာ နော်ကပေါ်ထူး၊ ပဒိုစောတာဒိုမူး၊ နိုင်အောင်မင်း၊ ကျာခွန်ဆာ၊ စောမြရာဇာလင်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဌ ခိုင်စိုးနိုင်အောင် ကိုယ်စား) တို့ တက်ရောက်ကြသည်။ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာနှင့် PPST အကြံပေးပုဂ္ဂိုလ်အဖြစ် စဝ်ခွန်းဆိုင် တက်ရောက်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၊ အဖွဲ့ဝင်များဖြစ်သည့် ရဲဘော် မျိုးဝင်း၊ ရဲဘော် လှဌေး၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဗိုလ်မှူးကြီး စောစိန်ဝင်း၊ ပဒိုစောအယ်ကလူစေး၊ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်းနှင့် ဒေါက်တာ စိုင်းဦးတို့ တက်ရောက်ကြသည်။ အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ Coordinator စိုင်းလျန်း တက်ရောက်သည်။
အစည်းအဝေး အကျိုးဆောင်များအဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ဆလိုင်းထလာဟေးနှင့် Coordinator နန်းယဉ်ယဉ်စိုး တို့က ဆောင်ရွက်ကြကာ နည်းပညာဆိုင်ရာ အကြံပေးများဖြစ်သည့် ဂျာနန်လထော်နှင့် ဒေါက်တာ စောသန့်ဇင်တို့ တက်ရောက်ကြသည်။
မနက်ဖြန် ဩဂုတ်လ (၁၁) ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအဝေး၊ ဒုတိယနေ့ကို ကျင်းပသွားမည် ဖြစ်သည်။
Crd : NCA-S EAO

0 comments:

Post a Comment