Saturday, August 8, 2020

ဒီချုပ်အမတ် သုံးကြိမ်ဆက်အနိုင်ရထားသည့် မရမ်းကုန်းမြို့နယ်မှ PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဝင်ရောက်ယှဉ်ပြိုင်မည်

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်သည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကာယကံရှင်က အတည်ပြုသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စား ပြုကာ ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဒေါက်တာသက်သက်ခိုင်သည် လာမည့် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် မရမ်းကုန်းမဲဆန္ဒနယ်သို့ ပြောင်း ရွှေ့ယှဉ်ပြိုင်ခြင်းဖြစ်သည်။
မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင်ဒေါက်တာမေဝင်းမြင့်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဒေါက်တာမေဝင်းမြင့်သည် ယင်းမဲဆန္ဒနယ်မှ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတို့တွင် ဝင် ရောက်ယှဉ်ပြိုင်ကာ သုံးကြိမ်စ လုံးအနိုင်ရရှိခဲ့သည်။
‘‘အန်ကယ်တို့ကြည့်လိုက် တဲ့အခါ မရမ်းကုန်းက နည်းနည်း လေး Hot တယ်ပေါ့။ NLD အ မာခံများတယ်ပေါ့။ ပြိုင်မယ့်လူ ငယ်၊ တက်လာတဲ့သူနည်းနည်း နည်းတယ်။ တိုင်းဒေသကြီး လောက်ပဲ ပြိုင်မယ်ပေါ့။ အဲဒါနဲ့ ဒေါ်သက်သက်ခိုင်ပြိုင်မလားဆို တော့သူလည်းကြိုက်တယ်။ ပါတီ ကဆုံးဖြတ်တာပါ’’ဟု PPP ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။
ဦးကျော်ဇေယျသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီကို ကိုယ်စားပြုကာ ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်အဖြစ် အနိုင်ရခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းမဲဆန္ဒနယ်အမှတ်(၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။
အဆိုပါ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၁)တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဘမျိုးသိန်းက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅)မှ အနိုင်ရခဲ့သည်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၏ အထက်ပါ ခေါင်း ဆောင်နှစ်ဦးသည် ၂၀၁၈ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီတာဝန်များ ရပ်ဆိုင်းခံရပြီးနောက်ပိုင်း ၂၀၁၉ တွင် ပါတီသစ် တစ်ရပ်ထူထောင်ကာ ရပ်တည်ခဲ့ ခြင်းဖြစ်သည်။
ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်အပြီး ရှစ်လကျော်အတွင်း ပါတီဝင်ဦးရေ ၇,၀၀၀ ခန့်ရှိ လာကြောင်းနှင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့ပါတီမှ ကိုယ်စားလှယ် လောင်း ၂၅၀ ခန့်ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း ဦးကျော် ဇေယျကပြောသည်။
သို့ရာတွင် ပြည်သူ့ရှေ့ဆောင်ပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဝင် ရောက်ယှဉ်ပြိုင်မည့် ကော့မှူး မဲဆန္ဒနယ်နှင့် လက်ရှိနိုင်ငံတော် သမ္မတ၊ ဒီချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ (၁)ဦးဝင်းမြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် တာမွေမဲဆန္ဒနယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဦးကျော်ဇေယျကဆိုသည်။
Ref ; 7Day

0 comments:

Post a Comment