Friday, August 7, 2020

လာမည့် ရွေးကောက်ပွဲတွင် ( PPP )ပါတီအနေဖြင့် နိုင်ငံရေးယဉ်ကျေးမှုအရ ကော့မှူးနဲ့တာမွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ဦးကျော်ဇေယျပြော

နိုင်ငံရေးယဉ်ကျေးမှုထားတဲ့အနေနဲ့ ပြည်သူ့ရှေ့ဆောင်(PPP)ပါတီက ကော့မှူးမြို့နယ်နဲ့ တာမွေမြို့နယ်က ပြည်သူ့လွှတ်တော်နေရာတွေကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့ ပါတီရဲ့ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောကြားပါတယ်။
ဒါပေမဲ့ ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်(၁)နေရာအတွက် ဝင်ပြိုင်မှာဖြစ်ပြီး တာမွေမြို့နယ်မှာ တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ပြိုင်ဖို့ရှိနိုင်တယ်လို့လည်း ပြောပါတယ်။
"ကျွန်တော်တို့က နှစ်ယောက်က NLD ပါတီကထွက်လာတာဖြစ်တယ်။ နိုင်ငံရေးယဉ်ကျေးမှုအရကော အစဉ်အလာအရကော၊ အပြန်အလှန်လေးစားမှုအားဖြင့် နိုင်ငံတော်အတိုင်ပင်ခံကြီး ပြိုင်မယ့်နေရာနဲ့ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို မပြိုင်တာပါ။"လို့ ဦးကျော်ဇေယျက ပြောပါတယ်။
တာမွေမြို့နယ်ဟာ အခုနိုင်ငံတော်သမ္မဦးဝင်းမြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဝင်ပြိုင်မယ့်နေရာဖြစ်ပြီး ကော့မှူးမြို့နယ်ကနေတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်နေရာကို ဝင်ပြိုင်မှာဖြစ်ပါတယ်။
PPP ပါတီအနေနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ နေရာပေါင်း (၂၅၀)ကျော်ဝင်ပြိုင်မှာဖြစ်ပြီးတော့ အမျိုးသမီးအယောက် (၅၀) အထက် ပါဝင်တယ်လို့ သိရပါတယ်။
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကတော့ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဗဟိုအလုပ်မှုဆောင် ဒေါက်တာမေဝင်မြင့်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Crd : OMedia

0 comments:

Post a Comment