Sunday, August 16, 2020

အဆိုတော်ယုန်လေး၏ သီချင်းရုပ်သံဖန်တီးမှုကို ကျေးဇူးတင်၊ လေးစားကြောင်း ‌PPP ပါတီ ဉက္ကဌ ဒေါ်သက်သက်ခိုင်‌ပြောကြား

အဆိုတော်ယုန်လေး ရိုက်ကူးခဲ့သည့် "စည်းလုံးသင့်ပြီ မြန်မာပြည်" သီချင်း ရုပ်သံဖန်တီးမှုကို ကျေးဇူးတင်ပြီး လေးစားကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ကပြောကြားလိုက်သည်။
မ‌နေ့က သြဂုတ် ၁၅ ရက်တွင် ပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင် ပါတီမှ လူထုဘဝ၊ အဓိက မူဝါဒ ဆိုင်ရာများနှင့်ပတ်သက်ပြီး အစီ ရင်ခံစာမိတ်ဆက်ပွဲအပြီး သတင်း စာရှင်းလင်းပွဲပြုလုပ်စဉ် သတင်း မီဒီယာတစ်ခုက ယုန်လေး၏ ဗီဒီယိုတင်ဆက်မှုကိစ္စနှင့်စပ်လျဉ်း ပြီးမေးမြန်းမှုအပေါ် ဒေါ်သက် သက်ခိုင်က ပြောဆိုခြင်းဖြစ် သည်။
‘‘ယုန်လေးကိစ္စ ပြောပါရ စေ။ ယုန်လေးကို ကျွန်မလေးစား ပါတယ်။ လူငယ်အနုပညာရှင်၊ တကယ်ကို ဖန်တီးနိုင်တာပေါ့။ ပြီးလို့ရှိရင် ယုန်လေးက ဘာကို သိလဲဆိုရင် Social device ရှင်။ Social device လို့ ပြောမလား၊ Political device ပေါ့နော်။ ပြည် သူလူထုကြားထဲမှာ အနီနဲ့ အစိမ်း ကွဲနေတဲ့ကိစ္စကို မြင်တဲ့အခါကျ တော့ လူငယ်တစ်ယောက်ကနေ ပြီးတော့ သူတို့အနာဂတ်တိုင်း ပြည်မှာ စည်းလုံးညီညွတ်တဲ့တိုင်း ပြည်ဖြစ်ချင်တယ်ပေါ့။ ဖြစ်ချင်တဲ့ အတွက်ကြောင့်မို့ ဒီလိုဗီဒီယိုနဲ့ သီချင်းကို ဖန်တီးတာပေါ့နော်။ ဒါလေးကို ကျွန်မ ကျေးဇူးလည်း တင်တယ်။ လေးလည်းလေးစား တယ်’’ဟု ဒေါ်သက်သက်ခိုင်က ပြောသည်။
ထို့အပြင် ယုန်လေးဆိုသည့် နာမည်ကို မကြားဖူးဘဲ လူမှုကွန် ရက်စာမျက်နှာတွင် စိတ်ဆိုးပြီး Live လွှင့်သည့်အချိန်မှသာ မြင် ဖူးခြင်းဖြစ်သည်ဟု ၎င်းကပြော သည်။
ထို့အပြင် ရန်ကုန်တိုင်းဒေ သကြီး ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်မည့်သူများသည် မြေကြီး လက်ခတ်မလွဲ ရှုံးနိမ့်မည်ဖြစ် ကြောင်း ဒေါ်သက်သက်ခိုင်က ပြောသည်။
‘‘ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အစားထိုးမရတဲ့ လူထုခေါင်းဆောင်တစ်ဦး ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့နော်။ ဘယ်နေရာမှာပဲ ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ပြိုင်ပြိုင် မြေကြီးလက်ခတ်မလွဲနိုင်မှာဖြစ်ပါတယ်။ ပြိုင်ချင်တဲ့သူရှိရင်တော့ ရှောင်ဖို့မလိုဘူး။ ဒါပေမဲ့ ရှုံးမှာသေချာတယ်’’ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌက ပြောကြားလိုက်ကြောင်း သိရသည်။
Crd : 7Days

0 comments:

Post a Comment