Tuesday, August 4, 2020

လာမည့် ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်(PPP)ပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်သက်သက်ခိုင်နှင့်ဦးကျော်ဇေယျအပါအဝင် ကိုယ်စားလှယ်လောင်း ၂၅၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကိုယ်စားလှယ်လောင်း ၂၅၀ ခန့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂)ဦးကျော်ဇေယျက ဩဂုတ် ၃ ရက်တွင် ပြောကြားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဦးရေစာရင်းနှင့် ပတ်သက်၍ ပါတီဒုတိယဥက္ကဋ္ဌ(၂)ဦးကျော်ဇေယျက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ယင်းကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။
"ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အနေနဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ လွှတ် တော်အသီးသီးတွင် ကိုယ်စားလှယ်လောင်းဦးရေ အင်အား ၂၅၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ် တယ်"ဟု ၎င်းက ရေးသားထားသည်။
ယင်းရွေးကောက်ပွဲ၌ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံး ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒုတိယအများဆုံး အဖြစ် ဧရာ၀တီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသ ကြီးတွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးအားလုံးတွင် ပါဝင် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အချို့ပြည်နယ်တွင် ဒေသခံများ၏တောင်းဆိုချက်အရ ပါဝင် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါပြည်နယ်များမှာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်စသည်တို့ဖြစ်ကြောင်း ဦးကျော်ဇေယျက ရေးသားထား သည်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်က ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲဝင်ပြိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ စိတ်ဝင်စားစွာဖြင့် မေးမြန်းမှုများရှိကြောင်း၊ ပါတီဥက္ကဋ္ဌရော၊ ဒုတိယဥက္ကဋ္ဌပါ ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီပြိုင်ဘက်ကောင်းများနှင့် ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဦးကျော် ဇေယျက ရေးသားထားသည်။
"ဒေါက်တာသက်သက်ခိုင် ဘယ်နေရာကပြိုင်မှာလဲ"ဟု မေးမြန်းနေကြပါတယ်။ အထူးသဖြင့် ပါတီခေါင်းဆောင် ဒေါ်သက်သက်ခိုင်၏ လက်ရှိ ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော်နေရာတွင် အခြားလူ တစ်ယောက်ဝင်ပြိုင်မည်ဟု စာရင်းပေးလိုက်ကြောင်း သိကြရသောအခါ ပို၍ပင် စိတ်ဝင်စားကာနေကြပါသည်ခင်ဗျား။ တချို့က လုံး၀ပင် ဝင်မပြိုင်ဘူးလား"ဟု ပင်ထင်မြင်ကာမေးနေကြပါသည်။ အားလုံးကိုကျေးဇူးတင်ပါသည် ခင်ဗျာ။ အခြေ အနေအရကိုပင် ကျွန်တော်ရော ဒေါက်တာသက်သက်ခိုင်နှစ်ဦးစလုံးက သေချာပေါက်ကို ဝင်ပြိုင်ကြမှာပါခင်ဗျာ။ ပြိုင်မည့်နေရာများကလည်း အဓိကပြိုင်ဘက် ပါတီကြီး၏ ပြိုင်ဘက်ကောင်းများနှင့်ပင် ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်သွားမှာဖြစ် ပါကြောင်း ပြည်သူအပေါင်းအား လေးစားစွာတင်ပြအပ်ပါသည်ခင်ဗျား"ဟု ၎င်းက ရေးသား ထားသည်။
၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက် ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းကို ဩဂုတ် ၇ ရက် နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပေးရမည်ဖြစ်သည်။

0 comments:

Post a Comment