Friday, August 7, 2020

Politic မဂ္ဂဇင်းမှ "တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်အချုပ်အခြာအာဏာနယ်နိမိတ် တည်တံ့ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်" ဟူသောခေါင်းစဉ်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေးမြန်းဖြေကြားမှုများကို ထည့်သွင်းဖော်ပြ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ယခုနှစ် ဇွန်လ ၂၄ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Arguments and Facts သတင်းဌာန၊ ZVEZDA သတင်းဌာန၊ RT သတင်းဌာန၊ Red star သတင်းဌာနနှင့် Politic မဂ္ဂဇင်းတို့မှအယ်ဒီတာချုပ်များ၊ သတင်းထောက်များနှင့်အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား သီးခြားစီတွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်းခဲ့သည်။
ထို့ပြင် Politic မဂ္ဂဇင်းမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဇွန် ၂ ရက်တွင် အွန်လိုင်းမှတဆင့် သိရှိလိုသည့် မေးခွန်းများ ထပ်မံပေးပို့မေးမြန်းခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဖြေကြားပေးပို့ခဲ့သည်။ အဆိုပါ မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဩဂုတ် ၇ ရက်ထုတ် Politic မဂ္ဂဇင်း၊ အတွဲအမှတ် ၁၁၇၊ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍတွင် "တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာ အာဏာနယ်နိမိတ် တည်တံ့ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်" ဟူသောခေါင်းစဉ်ဖြင့် အင်တာဗျူးဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့သည်။
အင်တာဗျူးဆောင်းပါးအပြည့်အစုံကို အောက်ပါ link တွင်ဖတ်ရှုနိုင်ပါသည်>>>>>>>http://www.dsinfo.org/node/256

0 comments:

Post a Comment