Monday, August 17, 2020

တပ်မတော်၏ မေတ္တာရေပက်ဖြန်းပေးမှုကြောင့် တိုင်းရင်းသားဒေသများတွင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ကြောင်း PNO ဒု-ဥက္ကဋ္ဌဆို

တပ်မတော်၏ မေတ္တာရေပက်ဖြန်းပေးမှုကြောင့် တိုင်းရင်းသားဒေသများတွင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုး တက်ဟု PNO ဒုဥက္ကဋ္ဌက ဦးခွန်မောင်သောင်းက ပြောပါတယ်။ သြဂုတ်လ ၁၄ ရက်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ(၃၄)ပါတီ တွေ့ဆုံပွဲ၌ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် PNO ပါတီ ဒုဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၏ အဖွင့် မိန့်ခွန်းမှာ ထည့်သွင်းပြောဆို လိုက်တာ လည်း ဖြစ်ပါတယ်။
ထိုသို့ ပြောဆိုချက်ကို PNO ပါတီ page ၌ တရားဝင်ထုတ်ပြန်မှုလည်း ပြုလုပ်ထားပါတယ်။ “တပ်မတော်၏ မေတ္တာရေပက်ဖြန်းပေးမှုကြောင့် တိုင်းရင်းသားဒေသများတွင်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုး တက်လျက်ရှိနေတာကိုတွေ့မြင်နေရပါတယ်။
ထို့အတူ အချို့သော တိုင်းရင်းသားဒေသများတွင်လည်း အပြုံးပန်းကိုယ်စီဖြင့်ပွင့်လန်းနိုင်အောင်တပ်မတော် ၏မေတ္တာရေပက်ဖြန်းပေးရန် မျှော်လင့်လျက်ရှိတာကိုမြင်တွေ့နိုင်ပါတယ်’’ဟု ဦးခွန်မောင်သောင်းကပြော ကြားခဲ့ပါတယ်။
အဆိုပါ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၏ ပြောကြားချက်အပေါ် နိုင်ငံရေးပါတီအချို့က လက်မခံကြောင်း၊ အချို့သောဒေသများတွင် ပဋိပက္ခများရှိနေသေးကြောင်း ပြောဆိုဝေဖန်မှုများရှိနေပါတယ်။
လာမည့်ရွေးကောက်ပွဲ၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ရှမ်းပြည်နယ် ဟိုပုံး၊ ဆီဆိုင်၊ တောင်ကြီး စသည့်နေရာဒေသများဝင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရှိသလို ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပအိုဝ်းတိုင်းရင်းသားတို့၏ ထောက်ခံမှုကို အပြည့်အဝ ရရှိထားတာလည်း ဖြစ်ပါတယ်။
Ref ; People Media

0 comments:

Post a Comment