Saturday, August 22, 2020

ရွေး/ကော်မှ PACE အဖွဲ့ကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ပြုကြောင်း တရားဝင်ခွင့်ပြုစာထုတ်မပေးသေးကြောင်းသိရ


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ကို ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ပြုမိန့် ထုတ်မပေးသေးကြောင်း PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ဩဂုတ် ၂၀ ရက်တွင်ပြောသည်။
ကော်မရှင်သည် PACE အ ဖွဲ့ကို စောင့်ကြည့်လေ့လာခွင့်ပြန် ပေးမည်ဟု ဩဂုတ် ၁၅ ရက်တွင် အကြောင်းကြားခဲ့သော်လည်း တ ရားဝင်ခွင့်ပြုမိန့်ကို ဩဂုတ် ၂၁ ရက်အထိ ထုတ်ပြန်ပေးခြင်းမရှိ သေးဘဲ စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန် သည်။
‘‘ဥက္ကဋ္ဌလက်မှတ်ထိုးဖို့ကျန် တယ်ပြောတယ်။ စောင့်ကြည့် လေ့လာရေး ထုတ်ပေးတဲ့ဌာနကို မေးကြည့်တော့ အခုထိလက်မှတ် မထိုးသေးတဲ့သဘောပဲ’’ဟုဦးစိုင်း ရဲကျော်စွာမြင့်က ပြောသည်။
အထက်ပါအခြေအနေနှင့် ပတ်သက်၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ပြော ရေးဆိုခွင့်ရှိသူထံ ဖုန်းဆက်သွယ် ခဲ့သော်လည်း ပြန်လည်ဖြေကြား ခြင်းမရှိပေ။
PACE အဖွဲ့သည် အသင်း အဖွဲ့မှတ်ပုံတင်မရှိဘဲ နိုင်ငံတ ကာအထောက်အပံ့ရယူသည်ဆို ကာကော်မရှင်က ဇူလိုင် ၃၀ ရက် စွဲဖြင့် လေ့လာစောင့်ကြည့်ခွင့် မပြုကြောင်း ယင်းအဖွဲ့ထံ အ ကြောင်းကြားခဲ့သည်။
ထိုသို့စောင့်ကြည့်လေ့လာ ခွင့်မရရှိသည့်အခြေအနေနှင့်ပတ် သက်၍ PACE အဖွဲ့က ဩဂုတ် ၁၃ ရက်တွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်ကာ ထုတ်ဖော်ပြောကြားခဲ့သည်။ PACE အဖွဲ့ စောင့်ကြည့် ခွင့်မရသည့်အပေါ်လေ့လာစောင့် ကြည့်သူများနှင့် အရပ်ဘက်အဖွဲ့ အစည်းများကကော်မရှင်ကို မေး ခွန်းထုတ်ဝေဖန်ခဲ့ကြသည်။
သို့ရာတွင် ဩဂုတ် ၁၄ ရက်တွင် ကော်မရှင်ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်နိုင်က နေပြည်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် PACE အဖွဲ့ကို စောင့်ကြည့် လေ့လာခွင့် ပိတ်ပင်မထား ကြောင်း ဖြေကြားခဲ့သည်။
PACE အဖွဲ့သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှစတင် ကာ ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲများ၊ ၂၀၁၉ ရန်ကုန်မြို့တော် စည်ပင်သာယာရွေး ကောက်ပွဲတို့တွင် စောင့်ကြည့် လေ့လာခွင့်ရရှိခဲ့သည်။
ယခင် ဦးတင်အေးကော်မရှင်လက်ထက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ဩဂုတ် ၆ ရက်တွင် စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခဲ့ပြီး ဩဂုတ် ၇ ရက်တွင် ခွင့်ပြုမိန့်ရရှိခဲ့သည်။
လက်ရှိဦးလှသိန်းကော်မရှင်လက်ထက် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲအတွက် ၂၀၁၆ နိုဝင်ဘာ ၁၁ ရက်တွင် စောင့် ကြည့် လေ့လာခွင့်လျှောက်ထားခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်တွင် ခွင့်ပြု မိန့်ရရှိခဲ့သည်။ အလားတူ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဇွန်လ ၁၁ ရက်တွင် စောင့်ကြည့် လေ့လာခွင့်လျှောက်ထားခဲ့ပြီး ဇွန်လ ၁၂ ရက်တွင် ခွင့်ပြုမိန့် ရရှိခဲ့သည်ဟု PACE အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။
စောင့်ကြည့်လေ့လာခွင့်ရရှိ ခဲ့သည့် ယခင်ရွေးကောက်ပွဲများတွင်လည်း အသင်းအဖွဲ့မှတ်ပုံ တင်လိုအပ်ခြင်းမရှိခဲ့ကြောင်း ဦး စိုင်းရဲကျော်စွာမြင့်က ပြောသည်။
PACE သည် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်သူ ၂,၅၀၀ ကျော်ဖြင့် လုပ်ဆောင်ခဲ့ပြီး လာမည့်နိုဝင် ဘာရွေးကောက်ပွဲအတွက် လေ့လာစောင့်ကြည့်သူ ၂,၉၀၀ ခန့် အသုံးပြုရန် ပြင်ဆင်ထားသည် ဟုဆိုသည်။

Crd : 7Day

0 comments:

Post a Comment