Sunday, August 16, 2020

PACE အဖွဲ့ကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့် ပိတ်ပင်ထားမှု ပြန်လည် ခွင့်ပြုမည်ဟု UEC အကြောင်းကြားထား ၊ တရားဝင်ရရှိခြင်းတော့ မရှိသေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UECက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော PACE အဖွဲ့ကို လာမည့် ၂၀၂၀ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့် ပိတ်ပင်ထားမှုနှင့်ပတ်သက်ပြီး ပြန်လည်ခွင့်ပြုပေးမည်ဟု အကြောင်းကြားလာကြောင်း PACE အဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။
"ရွေးကောက်ပွဲ‌စောင့်ကြည့်လေ့လာခွင့် ကန့်သတ်ခံရမှုနဲ့ ပတ်သက်ပြီးအခြေ အနေတိုးတက်ပြောင်းလဲမှုတွေကို အသိပေးပါရစေ" ဆိုသော PACE အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပထမဦးစွာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ကန့်သတ်မှုအပေါ် စိုးရိမ်ပူပန်စွာ ဝိုင်းဝန်းတောင်းဆို အရေးဆိုခဲ့ကြသည့် အဖွဲ့အစည်းများ၊ ပြည်သူများအားလုံးကို ကျေးဇူးတင်ကြောင်း၊
PACE အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တယ်လီဖုန်း အဆက်အသွယ်ရခဲ့ကြောင်း၊ လက်ရှိအနေအထားတွင် PACE အဖွဲ့ကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့် ပြန်လည်ပေးအပ်မည်ဟု သိရှိရကြောင်း၊ တရားဝင်ခွင့်ပြုစာ၊ အကြောင်းကြားစာ မရရှိသေးကြောင်း ဖော်ပြထားသည်။
ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင်ရန် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းအားလုံး လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်ရေးကို ရှေးရှုပြီး ယခုကဲ့သို့ ဆုံးဖြတ်မှုအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြိုဆိုကြောင်း၊အသေးစိတ်အခြေအနေများကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း PACE အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
Crd : People's Alliance for Credible Elections - PACE #Myanmar_Online_News

0 comments:

Post a Comment