Saturday, August 8, 2020

ဦးဌေးအောင်(Orchid Hotal) ရှင်းလင်းမည့်ရွေးကောက်ပွဲမှာ တရားမျှတရေး နိုင်ငံတကာထောက်ပံမှုရယူထားမှုကိစ္စတွင် သတင်းလာယူသည့် မီဒီယာများကို နှင်လွတ်ခဲ့Eleven မီဒီယာကိုသာ ဖိတ်ကြားထား

လာမည့်ရွေးကောက်ပွဲ၌ တရားမျှတရေးအတွက် နိုင်ငံတကာအထောက်အပံ့ရယူထားခြင်းကိစ္စသတင်းစာရှင်းလင်းပွဲကို ဦးဌေးအောင်က ဦးဆောင်ကာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့်ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ ဦးဌေးအောင်ပိုင်ဆိုင်သော orchid hotal ၌ ယခု(၈-၈-၂၀၂၀) နံနက် ၁၀ နာရီတွင်ကျင်းပပြုလုပ်လျက်ရှိနေပြီး Eleven Media မှလွဲ၍ ကျန်မီဒီယာများကို ဖိတ်ကြားထားခြင်းမရှိဟုဆိုကာ ဦးဌေးအောင် ကိုယ်တိုင် ပြန်လွတ်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့က မီဒီယာကို ဖိတ်ကြားခြင်းမရှိပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော့ရဲ့ facebook ကနေ live လွှင့်ပေးရမယ့် ကိစ္စရှိနေတာကြောင့် သတင်းကိုအဲဒီကနေရယူနိုင်ပါတယ်ဗျာ။ အဲ eleven media ကတော့ သီးသန့်တောင်းဆိုချက်တစ်ခုရှိနေပြန်တော့ သူကလွဲပြီး ကျန်တဲ့ မီဒီယာတွေအားလုံးပြန်လို့ရပါတယ်" ဟု ဦးဌေးအောင် က၎င်း၏ ရှင်းလင်းပွဲစမည့်အချိန် မိနစ်ပိုင်းအလို၌ eleven media ကိုခေါ်ဆောင်စဉ် ကျန်ရှိသတင်းမီဒီယာများကို နှင်လွတ်ခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်က စနေနေ့တိုင်း ထမင်းအလှူဒါနပြုလေ့ရှိတဲ့အခါကျတော့ အောက်မှာပြုလုပ်တဲ့အလှူမှာ လာကြဖို့ကိုတော့ မီဒီယာတွေကို ဖိတ်ကြားလိုက်ပါတယ်နော်" ဟု ဦးဌေးအောင်ကကျန်သတင်းမီဒီယာများကို ထပ်လောင်းပြောသည်။
Source - Akonthi
>>zawgyi<<
ဦးဌေးအောင်(Orchid Hotal) ရှင်းလင်းမည့်ရွေးကောက်ပွဲမှာ တရားမျှတရေး နိုင်ငံတကာထောက်ပံမှုရယူထားမှုကိစ္စတွင် သတင်းလာယူသည့် မီဒီယာများကို နှင်လွတ်ခဲ့
Eleven မီဒီယာကိုသာ ဖိတ်ကြားထား
Saturaday, Aug 8, 2020
လာမည့်ရွေးကောက်ပွဲ၌ တရားမျှတရေးအတွက် နိုင်ငံတကာအထောက်အပံ့ရယူထားခြင်းကိစ္စသတင်းစာရှင်းလင်းပွဲကို ဦးဌေးအောင်က ဦးဆောင်ကာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့်ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ ဦးဌေးအောင်ပိုင်ဆိုင်သော orchid hotal ၌ ယခု(၈-၈-၂၀၂၀) နံနက် ၁၀ နာရီတွင်ကျင်းပပြုလုပ်လျက်ရှိနေပြီး Eleven Media မှလွဲ၍ ကျန်မီဒီယာများကို ဖိတ်ကြားထားခြင်းမရှိဟုဆိုကာ ဦးဌေးအောင် ကိုယ်တိုင် ပြန်လွတ်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့က မီဒီယာကို ဖိတ်ကြားခြင်းမရှိပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော့ရဲ့ facebook ကနေ live လွှင့်ပေးရမယ့် ကိစ္စရှိနေတာကြောင့် သတင်းကိုအဲဒီကနေရယူနိုင်ပါတယ်ဗျာ။ အဲ eleven media ကတော့ သီးသန့်တောင်းဆိုချက်တစ်ခုရှိနေပြန်တော့ သူကလွဲပြီး ကျန်တဲ့ မီဒီယာတွေအားလုံးပြန်လို့ရပါတယ်" ဟု ဦးဌေးအောင် က၎င်း၏ ရှင်းလင်းပွဲစမည့်အချိန် မိနစ်ပိုင်းအလို၌ eleven media ကိုခေါ်ဆောင်စဉ် ကျန်ရှိသတင်းမီဒီယာများကို နှင်လွတ်ခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်က စနေနေ့တိုင်း ထမင်းအလှူဒါနပြုလေ့ရှိတဲ့အခါကျတော့ အောက်မှာပြုလုပ်တဲ့အလှူမှာ လာကြဖို့ကိုတော့ မီဒီယာတွေကို ဖိတ်ကြားလိုက်ပါတယ်နော်" ဟု ဦးဌေးအောင်ကကျန်သတင်းမီဒီယာများကို ထပ်လောင်းပြောသည်။
Source - Akonthi

0 comments:

Post a Comment