Monday, August 24, 2020

Online ပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကြောင့် ပရိသတ်များ၏ မထင်မှတ်ထားတဲ့ အားပေးမှုရတဲ့အတွက် ပျော်ရွှင်ရတယ်ဆိုတဲ့ လူကြမ်းသရုပ်ဆောင်နှစ်ဦး

Metro Brothers မဂ္ဂဇင်းက ရိုက်ကူးထားသည့် လူကြမ်းသရုပ်ဆောင်နှစ်ဦး၏ ဓာတ်ပုံများကို အွန်လိုင်းပေါ်တွင် ပရိသတ်အားပေးမှု အများအပြားရရှိနေသည်။
လူကြမ်းသရုပ်ဆောင် အရိုင်းမင်းနှင့် မျိုးကြည်တို့ကို Gangster ပုံစံပြင်ဆင်၍ ရိုက် ကူးပေးထားခြင်းဖြစ်ပြီး မထင်မှတ်ထားသည့် အားပေးမှုရရှိ သောကြောင့် ပျော်ရွှင်ရကြောင်း လူကြမ်းသရုပ်ဆောင်များက ပြောသည်။
‘‘တစ်သက်တာ ဒီတစ်ခါပဲ ရိုက်ဖူးတာ။ လူကြမ်းတွေကို ဒီလိုဝတ်စားပြီး ရိုက်ကူးပေးတဲ့ ကလေးတွေကိုလည်း ကျေးဇူးတင်တယ်’’ ဟု အရိုင်းမင်းက ပြောသည်။
ယင်းဓာတ်ပုံများကို ပြီးခဲ့သည့် ရက်ပိုင်းက ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ကိုယ့်ပုံကိုယ်ကြည့်၍ ကျေ နပ်ရကြောင်း မျိုးကြည်က ပြော သည်။
အဆိုပါပို့စ်ကို ဩဂုတ် ၂၃ ရက် ညနေ ၆ နာရီတွင် တင်ခဲ့ခြင်းဖြစ်ပြီး Like လုပ်သူ ရှစ်သောင်း ကျော်နှင့် ပြန်လည်ဝေမျှသူ လေး သောင်းခွဲကျော်ရှိသည်။
လူကြမ်းသရုပ်ဆောင်များ၏ ဓာတ်ပုံများသည် နာမည်ကြီး သရုပ်ဆောင်များထက် မိုက်နေ ကြောင်း ပရိသတ်များက ချီးကျူးထားသည်။
‘‘ထင်လည်းထင်မထားဘူး ဒီလိုဖြစ်မယ်ဆိုတာ။ ဗြုန်းစားကြီးဖြစ်သွားတော့ ဒါက မှတ်တိုင်ဖြစ်သွားနိုင်တယ်’’ဟု မျိုးကြည်က ပြောသည်။

0 comments:

Post a Comment