Monday, August 10, 2020

တရုတ်နိုင်ငံသည် အမေရိကန် ရွေးကောက်ပွဲအဆောက်အအုံအား ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် ပစ်မှတ်ထားလျက်ရှိကြောင်း O’Brien မှ ပြောကြား

တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသည့် ဟက်ကာများသည် ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲမတိုင်မီ အမေရိကန် ရွေးကောက်ပွဲအအုံအား ပစ်မှတ်ထားလျက်ရှိကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brein မှ ဩဂုတ်လ ၉ ရက်နေ့က ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် ၎င်း၏ ဩဇာလွှမ်းမိုးမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ပိုမို တိုးချဲ့လုပ်ဆောင်နေကြောင်းနှင့် ရုရှားနိုင်ငံသည် ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း Joe Biden အား အားနည်းစေရန် ကြိုးပမ်းလျက်ရှိကြောင်း အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ ဩဂုတ်လ ၇ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။ ထို့နောက် O’Brein ၏ ပြောကြားချက်များ ထွက်ပေါ်လာခဲ့ပါသည်။ သို့သော် တရုတ်နိုင်ငံသည် အမေရိကန်ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စနစ်များအား hacking ပြုလုပ်ရန် ကြိုးပမ်းခဲ့သည်ဟု တိတိကျကျပြောကြားခဲ့ခြင်းမရှိပါ။
CBS သတင်းဌာန၏ “Face the Nation” အစီအစဉ်တွင် O’Brein မှ “၎င်းတို့ သည် သမ္မတရှုံးနိမ့်သည်ကို မြင်လိုကြောင်း၊ တရုတ်၊ ရုရှားနှင့်အီရန်နိုင်ငံတို့သည် ဆိုက်ဘာတိုက်ခိုက်မှုများ၊ မိမိတို့ ရွေးကောက်ပွဲအဆောက်အအုံနှင့်ပတ်သက်သည့် အရာများ၊ ဝက်ဘ်ဆိုက်များနှင့် ပတ်သက်သည့်အရာများတွင် ပါဝင်ပတ်သက်နေ ကြောင်း” ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ကုမ္ပဏီများ၊ နိုင်ငံရေးသမားများ သို့မဟုတ် အစိုးရ အေဂျင်စီများအား နှောင့်ယှက်နေသည်ဆိုသော အမေရိကန်အစိုးရ၏ ပြောကြား ချက်များကို ငြင်းဆိုခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang မှ အမေရိကန်သမ္မတရွေးကောက်ပွဲသည် ပြည်တွင်းရေးကိစ္စဖြစ်သည့် အတွက် မိမိတို့အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် စိတ်မဝင်စားကြောင်း ဧပြီလက ပြောကြားခဲ့ပါသည်။
O’Brien မှ ဟက်ကာများသည် ဒေသအဆင့်ရွေးကောက်ပွဲများကို စီမံခန့်ခွဲရန် နှင့် အမေရိကန်နိုင်ငံသားများ၏ အချက်အလက်များကို စုဆောင်းရန်တာဝန်ယူ ဆောင်ရွက်နေသော နိုင်ငံတစ်ဝန်းရှိ နိုင်ငံခြားရေးဝန်ကြီးရုံးများနှင့်သက်ဆိုင်သည့် ဝက်ဘ်ဆိုက်များကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ ပါသည်။
အမျိုးသားလုံခြုံရေးကောင်စီအနေဖြင့် မှတ်ချက်ပြုပြောကြားရန် တောင်းဆိုချက် အပေါ် တုံ့ပြန်ခဲ့ခြင်းမရှိပါ။ O’Brien ၏ ပြောကြားချက်များနှင့်ပတ်သက်၍ ကန့်ကွက်မှု ရှိ/မရှိ မှတ်ချက်ပြုပြောကြားရန် သို့မဟုတ် ရှင်းလင်းရန် အမျိုးသားထောက်လှမ်းရေး ဆိုင်ရာ ညွှန်ကြားရေးမှူးရုံး (ODNI) မှ ငြင်းဆိုခဲ့ပါသည်။

Source : Reuters
“China targeting U.S election infrastructure with cyberattacks, says O’Brien

0 comments:

Post a Comment