
ဩဂုတ်လ ၁၄ ရက်နေ့တွင် ယခင်သမ္မတဟောင်း Barack Obama မှ Trump သည် အမေရိကန်နိုင်ငံ၏ Postal Service ရပ်တန့်ရန်ကြိုးစားနေပြီး လာမည့် နိုဝင်ဘာလတွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ပြည်သူများအားမဲပေးခြင်းကို ဟန့်တားရန်ကြိုးစားနေသည့်အတွက် ပြစ်တင်ရှုတ်ချခဲ့ပါသည်။
Obama သည် COVID -19 ကူးစက်ရောဂါကြောင့် မေလ်းမှတဆင့်မဲပေးခြင်းကို လွယ်ကူအဆင်ပြေစေရေးအတွက် Postal Service အား ငွေကြေးထောက်ပံ့ပေးခြင်း ကို ဆန့်ကျင်နေသည့် Trump အား ဝေဖန်ခဲ့ပါသည်။ ကျွန်တော်အနေဖြင့် ခေတ်သစ်နိုင်ငံရေးသမိုင်းအတွက် ထူးခြားသောနည်းဖြင့် ပြည်သူများမဲပေးခြင်းကို ဟန့်တားရန်ကြိုးစားနေသော သမ္မတဖြစ်သည်ဟုမြင် ကြောင်းပြောကြားခဲ့ပါသည်။ Trump သည် မဲပေးခြင်းကိုဟန့်တားရန်အတွက် Postal Service ကိုရပ်တန့်ရန် ဆက်လက်ကြိုးစားနေမည်ဖြစ်ပြီး အ ဘယ်ကြောင့်ထိုကဲ့သို့ ပြုလုပ်ရခြင်းအပေါ် အကြောင်းပြချက်ပေးမည်ဟု ပြောကြားခဲ့ပါသည်။
မဲပေးသူများအနေဖြင့် သက်သေအထောက်အထားမပါဘဲ မေလ်မှမဲပေးခြင်းသည် လိမ်လည်မှုများ ဖြစ်စေနိုင်ကြောင်း Trump မှ ထပ်ခါတလဲလဲ အခိုင်အမာဆိုခဲ့ပါသည်။ ရီပတ်ပလီကန်အထက်လွှတ်တော်အ မတ် Mitt Romney သည် ဩဂုတ်လ ၁၄ ရက်နေ့တွင် မေးလ်သည် လိမ်လည်မှုဖြစ်စေရန်အတွက် အား နည်းချက်ဖြစ်လာလိမ့် မည်ဟူသော Trump ၏ ပြောကြားချက်ကို သံသယဖြစ်ခဲ့ပါသည်။
မေးလ်ဖြင့် မဲပေးခြင်းဖြင့် မဲပေးသူများလိမ်လည်မှု မြင့်တက်လာနိုင်မည့် မည်သည့်သက်သေကိုမှ မသိရှိရကြောင်း အွန်လိုင်းအင်တာဗျုတစ်ခုတွင် ဖြေကြားခဲ့ပါ သည်။
Source - CGTN #Myanmar_Online_news
0 comments:
Post a Comment