Wednesday, August 26, 2020

မပျံသန်းရဇုန် no – fly zone အတွင်း ဝင်ရောက်ပျံသန်းသည့် အမေရိကန်လေယာဉ်အား တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြစ်တင်ရှုတ်ချ

U – 2 အမျိုးအစား အမေရိကန်လေယာဉ်သည် no –fly zone အတွင်းသို့ ဝင်ရောက်ပျံသန်းခြင်းသည် စင်စစ်ရန်ဆွပေးသောလုပ်ရပ်တစ်ခုအဖြစ် တရုတ်နိုင်ငံမှ ယူဆကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ပြောခွင့်ရပုဂ္ဂိုလ် Wu Qian မှ ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
အဆိုပါလေယာဉ်သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) Northern Theater မှသတ်မှတ်ပြဋ္ဌာန်း ထားသော မပျံသန်းရဇုန် no –fly zone အတွင်း ဝင်ရောက်ပျံသန်းခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
Wu ပြောစကားအရ အဆိုပါလှုပ်ရှားမှုသည် တရုတ်နိုင်ငံ၏အချုပ်အချာအာဏာ အပေါ် ကျူးကျော်ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ပုံမှန်စစ်ရေး စစ်ဆင်ရေးကို အလွန်အမင်းကြားဖြတ်နှောင့် ယှက်နေကြောင်း၊ ၎င်းသည် မှားယွင်း သောဆုံးဖြတ်ချက်များနှင့် မတော်တဆမှုများကိုပင် ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြား ခဲ့ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏အမှားကိုပြင်ဆင်ရန်နှင့် နောက်ထပ်ကင်း လှည့်ခြင်းများကိုရှောင်ကြဉ်ရန် တရုတ်နိုင်ငံမှတိုက်တွန်းခဲ့ကြောင်း Wu မှ ပြောကြားခဲ့ ပါသည်။ တရုတ်တပ်မတော်အနေဖြင့် နိုင်ငံ၏ အချုပ်အချာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ရန်အတွက် ခိုင်မာသောလုပ်ရပ်များဖြင့် ခိုင်မာစွာတာဝန်ယူသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment