Wednesday, August 26, 2020

စဉ့်ကိုင်မြို့ NLD ပါတီကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြကို ကိုယ်စားလှယ်အဖြစ် ပြောင်းလဲပေးရန် ဒေသ ခံ သံဃာ့တော်များနှင့်လူ (၂၀၀) ကျော်ခန့် လက်မှတ်ရေးထိုးတောင်းဆို

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြ ကို ကိုယ်စားလှယ်အဖြစ်မှ ပြောင်းလဲပေးရေးအတွက် ဒေသခံ သံဃာ့တော်များနှင့် လူ(၂၀၀)ကျော်ခန့်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။
အဆိုပါ ကန့်ကွက်စာ၌ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှရွေးချယ်ထား သော ဒေါ်ဝင်းမြမြမှာ စဉ့်ကိုင်မြို့နယ်ဇာတိမဟုတ်ခြင်း၊ ဘွဲ့ရပညာတတ် မဟုတ်ခြင်း၊ ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ ဘာသာခြားဖြစ်ခြင်းတို့ကြောင့် ၎င်းနေရာတွင် ဒေသခံလည်းဖြစ်သည့် ဗုဒ္ဓဘာသာဝင်အား ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်းတစ်ဦးအား အစားထိုးရွေးချယ်ပေးရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။
အဆိုပါ ကန့်ကွက်စာကို NLD ပါတီ NLD ပါတီအဆင့်ဆင့်ကို တင်ပြထားကြောင်း ဆရာတော်သံဃာ့တော် အချို့က အတည်ပြုသည်။ အဆိုပါ ဖြစ်စဉ်အပေါ် People Media သတင်းဌာနက NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်။
“လူပုဂ္ဂိုလ်ထက် ပါတီရဲ့မူဝါဒများကို အကောင်အထည်ဖော်နိုင်ဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ ဟိုပုဂ္ဂိုလ်ကိုမကြိုက်ဘူး။ ဒီပုဂ္ဂိုလ်ကို မကြိုက်ဘူးဆိုဟာ ကျွန်တော်တို့ပါတီရဲ့အောင်နိုင်ရေးကို ထိခိုက်စေနိုင်တဲ့အတွက် ပါတီအကျိုးကိုရှေ့တန်းတင်တဲ့ ပါတီဝင်တိုင်းက ဒီကိစ္စကို ရပ်တန်းကရပ်သင့်ပါပြီ။ ပါတီအောင်နိုင်ရေးကိုပဲ တစ်ကြောင်းတည်းသော စိတ်နဲ့လုပ်ကိုင်ဖို့အချိန်ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်မှ ပြောသည်။
Ref ; People Media

0 comments:

Post a Comment