Wednesday, August 26, 2020

လာမည့်ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ၊ အခြားပါတီ၏ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် NLD ပါတီဝင်များကို ပါတီဝင်အဖြစ် ထုတ်ပယ်

လာမည့်ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလနှင့် အခြားပါတီ၏ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် NLD ပါတီဝင်များကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်။ သြဂုတ်လ ၂၆ ရက်၌ NLD ပါတီ၏ ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ပါတီဝင်အဖြစ်ကနေထုတ်ပယ်ကြောင်း ကြေညာတာဟုတ်ပါတယ်ခင်ဗျ။ ဒါပါတီက မူလချမှတ်ထားတဲ့ စည်းမျဉ်းပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခက်အခဲရှိတာက တချို့ ကျွန်တော်တို့ပါတီဝင်တွေက တခြားပါတီ ကနေဝင်ရောက်ယှဉ်ပြိုင်တာ ဒါမှမဟုတ်တစ်သီးပုဂ္ဂလယှဉ်ပြိုင်တာ စာရင်းအပြည့်အစုံကိုကျွန်တော်တို့ မရပါဘူး။ အဲဒီတော့ ကျွန်တော်တို့ မူလကချထားတဲ့ပါတီစည်းကမ်းချက်ကို အတည်ပြုချက်အနေနဲ့ ထုတ်လိုက်တာပါ။ အဲဒီလို ဆောင်ရွက်ခဲ့တဲ့လူအားလုံးဟာ ဒီနေ့ ကြေညာချက်ထုတ်တဲ့အချိန်ကစပြီး ပါတီဝင်အဖြစ်ကရပ်စဲသွားပါပြီ”ဟု NLD ပါတီ၏ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို NLD ပါတီက ရွေးချယ်ရာတွင် ကိုယ်စားလှယ်အဟောင်းများ အများဆုံးပါဝင်လာခဲ့သည်။ ထို့အတူ ကိုယ်စားလှယ်လောင်းရွေးချယ်ရာ၌ သစ္စာရှိမှုနှင့် အတွေ့အကြုံရှိမှုအပေါ်အခြေခံကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောကြားခဲ့ပြီး ဖြစ်သည်။
NLD ပါတီသည် မူလက လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မြို့မိ၊မြို့ဖများနှင့် ရွေးချယ်ရ