Friday, August 14, 2020

ရွေးကောက်ပွဲကော်မရှင်က NLD ပါတီအပေါ်အခွင့်အရေးပိုပေးနေပြီး ဘက်လိုက်နေကြောင်း နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပြောကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကအာဏာရ NLD ပါတီကို ဘက်လိုက်သည်ဟု နိုင်ငံရေးပါတီများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြောကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌဦးခင်မောင်ဆွေက ပြောကြားသည်။
ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ် သာဧည့်ခန်းမဆောင်၌ တပ်မတော်ာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များတွေ့ဆုံရာတွင် နိုင်ငံရေး
ပါတီများက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဦးခင်မောင်ဆွေက "UEC က ပါတီတွေကို တူတူတန်တန် ဆက်ဆံခြင်းမပြုဘူးပေါ့။ လုပ်ချင်ရာလုပ်ပြီးတော့ NLD ကို ဘက်လိုက်နေတယ်ဆိုတာမျိုး ပြောပြတာတွေပါတယ်" ဟု ဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲနှင့် ပတ်သက်သည်များ၊ ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးချယ်တင်မြှောက်ရာတွင် သိရှိ
သင့်သည့် အချက်များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု ဖေါ်ပြထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သည့်နိုင်ငံရေးပါတီများတွင် ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး၊ အမျိုသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌဦးသိန်းညွှန့်၊ အမျိုးသားတိုးတက်ရေး ပါတီ ဥက္ကဋ္ဌဒေါက်တာနေဇင်လတ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် ပြည် သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်တို့ ပါဝင်ကြောင်း သိရှိရသည်။
Source - The Ladies News

0 comments:

Post a Comment