Thursday, August 6, 2020

ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ပင်လည်ဘူးမြို့နယ် NLD ပါတီ ကိုယ်စားလှယ်လောင်းတွေကို ဖြုတ်ချခဲ့၍ ဒေသခံ ရှစ်ထောင်ကျော် ကန့်ကွက်

၂၀၂၀ ခုနှစ်မှာ ပြုလုပ်မယ့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပင်လည်ဘူးမြို့မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နှစ်ဦးကို ယမန်နေ့ မနက်က ဒေသခံပြည်သူ ရှစ်ထောင်ကျော်က စုပေါင်း လက်မှတ်ထိုးပြီး ကန့်ကွက်ခဲ့ကြတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့ ပိန္ဒဲကုန်းကျေးရွာမှ ဒေသခံ ဦးမောင်ဆန်းက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
‘‘ကျွန်တော်တို့ ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းကို တိုင်းဒေသကြီးအဆင့်မှာ ဖြုတ်ချလိုက်တယ်။ ဒီလိုသာ လုပ်နေမယ်ဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ ချမှတ်ထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေနဲ့သာ ယှဉ်ပြိုင်မယ်ဆို နိုင်ဖို့ရာ အတွက် အင်မတန်ရာခိုင်နှုန်း နည်းပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ ရွေးချယ်ထားတဲ့သူတွေက ကျွန်တော်တို့က ထောက်ခံပြီး မြို့နယ်က ရွေးချယ်ပေးလိုက်တဲ့ သူတွေကို ဘာဖြစ်လို့ ဗဟိုအထိတောင် မတင်ပဲ ဖြုတ်ချလိုက်ကြတယ်’’လို့ ဦးမောင်ဆန်းက ပြောပါတယ်။
ယခင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါကြည်ကြည်ဝင်းနဲ့ တိုင်းဒေကြီးအမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးသန်းညိုတို့ကို ကျေးရွာနေ မဲဆန္ဒရှင်ပြည်သူတွေက ရွေးချယ်ထားပေမယ့် ဦးမင်းနောင်နဲ့ ဦးသန်းလှိုင်တို့ကို မြို့နယ်က ရွေးချယ် လိုက်တာကြောင့် ဒေသခံတွေက ကန့်ကွက်ကြတာ ဖြစ်ပါတယ် ။
မြို့နယ်မှ ရွေးချယ်ပေးလိုက်တဲ့ လွတ်တော်ကိုယ်စားလှယ်နှစ်ဦးကို တိုင်းဒေသကြီးမှပယ်ချလိုက်တဲ့အတွက် ပင်လည်ဘူးမြို့တွင်းရှိ ကျေးရွာ ၁၄ ရွာမှ ရပ်မိရပ်ဖများနှင့် ကျေးရွာသား (၈၀၀၀)ကျော် လက်မှတ်ရေးထိုး ကန့်ကွက်ထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ် ။
crd-People Media #Myanmar_Online_News
>>Zawgyi<<
ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ပင်လည်ဘူးမြို့နယ် NLD ပါတီ ကိုယ်စားလှယ်လောင်းတွေကို ဖြုတ်ချခဲ့၍ ဒေသခံ ရှစ်ထောင်ကျော် ကန့်ကွက်
Thursday, August 6, 2020
၂၀၂၀ ခုနှစ်မှာ ပြုလုပ်မယ့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပင်လည်ဘူးမြို့မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်း နှစ်ဦးကို ယမန်နေ့ မနက်က ဒေသခံပြည်သူ ရှစ်ထောင်ကျော်က စုပေါင်း လက်မှတ်ထိုးပြီး ကန့်ကွက်ခဲ့ကြတယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ပင်လည်ဘူးမြို့ ပိန္ဒဲကုန်းကျေးရွာမှ ဒေသခံ ဦးမောင်ဆန်းက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
‘‘ကျွန်တော်တို့ ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းကို တိုင်းဒေသကြီးအဆင့်မှာ ဖြုတ်ချလိုက်တယ်။ ဒီလိုသာ လုပ်နေမယ်ဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ ချမှတ်ထားတဲ့ လွတ်တော် ကိုယ်စားလှယ်တွေနဲ့သာ ယှဉ်ပြိုင်မယ်ဆို နိုင်ဖို့ရာ အတွက် အင်မတန်ရာခိုင်နှုန်း နည်းပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ ရွေးချယ်ထားတဲ့သူတွေက ကျွန်တော်တို့က ထောက်ခံပြီး မြို့နယ်က ရွေးချယ်ပေးလိုက်တဲ့ သူတွေကို ဘာဖြစ်လို့ ဗဟိုအထိတောင် မတင်ပဲ ဖြုတ်ချလိုက်ကြတယ်’’လို့ ဦးမောင်ဆန်းက ပြောပါတယ်။
ယခင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါကြည်ကြည်ဝင်းနဲ့ တိုင်းဒေကြီးအမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးသန်းညိုတို့ကို ကျေးရွာနေ မဲဆန္ဒရှင်ပြည်သူတွေက ရွေးချယ်ထားပေမယ့် ဦးမင်းနောင်နဲ့ ဦးသန်းလှိုင်တို့ကို မြို့နယ်က ရွေးချယ် လိုက်တာကြောင့် ဒေသခံတွေက ကန့်ကွက်ကြတာ ဖြစ်ပါတယ် ။
မြို့နယ်မှ ရွေးချယ်ပေးလိုက်တဲ့ လွတ်တော်ကိုယ်စားလှယ်နှစ်ဦးကို တိုင်းဒေသကြီးမှပယ်ချလိုက်တဲ့အတွက် ပင်လည်ဘူးမြို့ တွင်းရှိ ကျေးရွာ ၁၄ရွာမှ ရပ်မိရပ်ဖများနှင့် ကျေးရွာသား (၈၀၀၀)ကျော် လက်မှတ်ရေးထိုး ကန့်ကွက်ထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ် ။
crd-People Media #Myanmar_Online_News

0 comments:

Post a Comment