ယနေ့ ဩဂုတ်လ (၂၂) နံနက် ၉ နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ပြည်သူ့ဆက်ဆံရေးနှင့် ဒစ်ဂျစ်တယ် စည်းရုံးရေး ဘာသာရပ်များအား မျှဝေဆွေးနွေးခြင်းအစီအစဉ်ကို ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အစီအစဉ်ကို ဗဟိုအောင်နိုင်ရေး အဖွဲ့ဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့် မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့ဆက်ဆံရေးဘာသာရပ်ကို ဦးမျိုးမင်း နှင့် ဒစ်ဂျစ်တယ် စည်းရုံးရေးကို ဦးအောင်ခန့်တို့မှ မျှဝေဆွေးနွေးခဲ့ပါသည်။
အဆိုပါ မျှဝေခြင်းအစီအစဉ် အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များ နှင့် ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင်များ၊ ထပ်မံအရွေးခံရန် ရွေးချယ်ထားသော ပါတီကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Crd : U Bo Bo Oo'Fb #Myanmar_Online_News
0 comments:
Post a Comment