Wednesday, August 26, 2020

NLDပါတီမှ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြအား လက်မခံကြောင်း စဉ်ကိုင်မြို့သူမြို့သားများမှ လက်မှတ်ရေးထိုးကန့်ကွက်ထား

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု မန္တလေးတိုင်းဒေသကြီး ၊စဥ့်ကိုင်မြို့မှ ဝင်ရောက်ယှဥ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြသည် မြို့ခံဇာတိမဟုတ်ခြင်း ၊ ဘွဲ့ရပညာတတ်မဟုတ်ခြင်း၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များအတွက်ဆောင်ရွက်ပေးနိုင်မည့်သူတစ်ဦးမဟုတ်ပဲ ဘာသာခြားဖြစ်နေခြင်းတို့အပေါ် စဉ်ကိုင်မြို့သူမြို့သားမဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ်လက်မခံနိုင်၍ ကန့်ကွက်ကြောင်းအား စုပေါင်းလက်မှတ်ရေးထိုးကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသို့ ကန့်ကွက်စာတင်ထားကြောင်း သိရပါသည်။

0 comments:

Post a Comment