Saturday, August 22, 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နုတ်ထွက်

ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ် နုတ်ထွက်ခွင့်ပြုရန် တင်ပြသဖြင့် နုတ်ထွက်ခွင့်ပြုထားကြောင်း ဒီချုပ်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောသည်။
လာမည့် ၂၀၂၀ ရွေး ကောက်ပွဲတွင် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်၍ ပါတီဝင်အဖြစ် နုတ်ထွက်ခွင့်ပြုခဲ့သည်ဟု ဒေါက် တာမျိုးညွန့်က ဆိုသည်။
‘‘ကိုယ်စားလှယ်လောင်းရွေးချယ်ပွဲပြီးတဲ့အခါမှာပဲ နုတ်ထွက် ခွင့်ပြုလိုက်တာ’’ဟု ၎င်းက ရှင်း ပြသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပြုလုပ်သော ဒီချုပ်ပါတီကိုယ် စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်းများ ရွေးချယ်ရာတွင် ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဦးလှထွေး မပါဝင်ခဲ့ပေ။ ဦးလှထွေးသည် ၂၀၁၅ ရွေး ကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု၍ ကယား ပြည်နယ်လွှတ်တော်၊ ရှားတော မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသူဖြစ်သည်။
ထိုသို့ ပါတီ၏ ကိုယ်စား လှယ်လောင်းစာရင်းတွင် ပါဝင် လာခြင်းမရှိသည့် ဦးလှထွေးသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းအဖြစ် ၎င်း၏ မူလမဲဆန္ဒ နယ်ကပင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်၌အမည် စာရင်းတင်သွင်းထားသည်ဟု သိ ထားကြောင်း ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ် ဝင့်ဝါထွန်းက ပြောသည်။
လက်ရှိတွင် ကယားပြည်နယ်လွှတ်တော်၌ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာရန် ပျက်ကွက်သည်ဆိုသည့် စွဲချက်ဖြင့် လွှတ်တော်က စွပ်စွဲပြစ်တင် မှုပြုလုပ်ရန် စုံစမ်းစစ်ဆေးနေသည်။
အဆိုပါကိစ္စများနှင့် ပတ်သက်၍ ကယားပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးလှထွေးအားမေး မြန်းရန် ဖုန်းဖြင့် ဆက်သွယ်ကြိုး စားသော်လည်း အဆက်အသွယ် မရသေးပေ။
Crd : 7Day

0 comments:

Post a Comment