Wednesday, August 19, 2020

ရွေး/ကော်သို့ခွင့်ပြုချက်တင်ကာ NLD ပါတီ ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ရွှေကြာပင်မှ ပါတီဝင်အိမ်အချို့ကို သွားရောက်တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ NLD ရပ်/ ကျေးပါတီရုံးနှင့် ပါတီဝင် အိမ်အချို့ကို ယနေ့ သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့သည်ဟု သိရသည်။
ယနေ့ ညနေ ၄ နာရီအချိန် ရပ်/ ကျေးပါတီရုံးမှ စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပါတီဝင် အိမ် အနည်းဆုံး ၇ အိမ်ထက်မနည်း တွေ့ဆုံခဲ့ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ယခင် သမ္မတဟောင်း ဦးထင်ကျော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်တို့လည်း ပါဝင်ကြသည်။
ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က "ဒီမိုကရေစီရှိရင် ရွေးကောက်ပွဲရှိမယ်။ ရွေးကောက်ပွဲရှိရင် Vote ပေးရမယ်"ဟု သတင်းမီဒီယာများသို့ ပြောကြားသည်။
ဆက်လက်၍ ယခုကဲ့သို့ ပါတီဝင်အိမ်များသို့ တွေ့ဆုံအားပေးရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့လည်း ဦးဖြိုးဇေယျာသော်က ခွင်ပြုချက်တင်ပြထားသည်ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ နေရာငါးခုတွင် ကပ်ထားသည့် မဲစာရင်းများလိုက်လံကြည့်ရှုခဲ့သေးကြောင်း သိရသည်။

0 comments:

Post a Comment